ဇူလိုင် ၂၄ ၊ နေပြည်တော်
ငွေစက္ကူနှစ်သန်းကျပ်တန် အသစ်ကို ဇူလိုင်လကုန်မှာ စတင်ထုတ်ဝေသွားမယ်လို့ ဗဟိုဘဏ်က ကြေညာပြီးတဲ့နောက် ကျပ်ငွေတန်ဖိုး ကျဆင်းခဲ့ပြီး ငွေကြေးဖောင်းပွမှုတွေဖြစ်လာနိုင်တယ်လို့ ဝေဖန်မှုတွေအပေါ် ဗဟိုဘဏ်က ပြန်ရှင်းလင်းချက်ထုတ်ပြန်ခဲ့ပါတယ်။
ရိုက်နှိပ်ထုတ်ဝေမည့် ငွေကျပ်နှစ်သောင်းတန်ဟာ အမှတ်တရသာ ဖြစ်သလို အကန့်အသတ်နဲ့ ငွေစက္ကူအဟောင်းတွေကို အစားထိုးလဲလှယ်ပေးသွားမှာသာဖြစ်တယ်လို့ ဇူလိုင်လ ၂၃ ရက်နေ့ ညပိုင်းမှာ ပြန်ရှင်းလင်းခဲ့ပါတယ်။
နိုင်ငံ့စီးပွားရေးစနစ်အတွင်း လှည့်လည်သုံးစွဲငွေ ( Currency in Circulation – CIC ) ဟာ အခုနှစ်တွေအတွင်း လျော့နည်းလာသလို ၊ဘဏ်အပ်နှံငွေတွေလည်း တိုးများလာတာကြောင့် အခုရိုက်နှိပ်မယ့် ကျပ်နှစ်သောင်းတန်ကြောင့် ငွေကြေးဖောင်းပွမှုတွေမဖြစ်လာနိုင်ဘူးလို့ ပြောဆိုထားပါတယ်။
၂၀၂၃ ခုနှစ် နှစ်ဝက်အတွင်း မြန်မာ့နိုင်ငံအတွင်း ငွေဖောင်းပွမှုဟာ ၁၄.၁၈ ရာခိုင်နှုန်းရှိခဲ့ပြီး ၂၀၂၂ ခုနှစ်မှာ ၁၆.၂၃ ရာခိုင်နှုန်းရှိခဲ့ကြောင်း ကမ္ဘာ့ဘဏ်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ထွက်လာမယ့် နှစ်သောင်းကျပ်တန်ကို ငွေအဟောင်းနဲ့ ပြန်လဲလှယ်ရာမှာလည်း အများဆုံး ၃ ရွက်ခန့်သာ ထည့်သွင်းလဲလှယ်သွားပေးမှာဖြစ်တယ်လို့ ဗဟိုဘဏ်က ဆိုထားပါတယ်။
နှစ်သောင်းကျပ်တန် ထွက်မယ့်သတင်းကြောင့် ကုန်စျေးနှုန်းဆွဲတင်တာ ၊ နိုင်ငံခြား၍ငွေလဲနှုန်းမြင့်တက်အောင်လုပ်ဆောင်နေတာတွေ ကို အရေးသွားမယ်လို့လည်း ပြောဆိုထားပါတယ်။
ငွေစက္ကူအသစ် ရိုက်နှိပ်ထွက်ဝေမှုဟာ “ မာရဝိဇယ” ဗုဒ္ဓရုပ်ပွားတော်တည်ဆောက်ပြီးစီးမှုနဲ့ ဆင်ဖြူတော် ရတနာ “ ရဌနန္ဒက” တစ်နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြင့် ရည်ရွယ်ပြီး အမှတ်တရထုတ်ဝေခြင်းဖြစ်တယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။