စက်သုံးဆီစျေးတွေအားလုံးထိုးတက်လာ 

မတ် -၃ ၊ မန္တလေး

စက်သုံးဆီစျေးနှုန်းတွေက ဒီနေ့မှာ တစ်လီတာကို (၂၀၀) ကျပ်ကျော်အထိ မြင့်တက်လာနေတယ်လို့ စက်သုံးဆီအရောင်းဆိုင်ကြီးတွေဆီကနေ သိရပါတယ်။ 

ဒီနေ့မှာ မြန်မာနိုင်ငံက စက်သုံးဆီအဓိကဖြန့်ဖြူးနေတဲ့ ​Denko ၊  BOC ဆိုင်တွေမှာ 92 တစ်လီတာကို နှစ်ထောင်နီးပါးရှိနေပြီး ၉၅  တစ်လီတာကို နှစ်ထောင့်တစ်ရာကျပ်ကျော် အထိ မြင့်တက်လာခဲ့ပါတယ်။ 

ယမန်နေ့က စက်သုံးဆီတစ်လီတာကို ထောင့်ခုနှစ်ရာကျပ်သာရှိခဲ့ပြီးတော့ ဒီနေ့မှာ မြင့်တက်လာခဲ့တာပါ။ 

ရုရှားက ယူကရိန်းကို ကျူးကျော်စစ် စတင်ပြီးတဲ့နောက် ကမ္ဘာ့စက်သုံးဆီစျေးကွက်ကလည်း မငြိမ်မသက်ဖြစ်လာခဲ့ပါတယ်။ 

ရှရှားဟာ ကမ္ဘာပေါ်မှာရေနံနဲ့ သဘာဝဓာတ်ငွေ့အများဆုံးတင်ပို့ရောင်းချတဲ့နိုင်ငံဖြစ်ပြီးတော့  သူ့နိုင်ငံ ပိတ်ဆို့အရေးယူခံရပြီးတဲ့နောက် ကမ္ဘာ့လောင်စာဆီစျေးနှုန်းတွေကလည်း ၁၀ စုနှစ်အတွင်း အမြင့်ဆုံးစံချိန်ရောက်ခဲ့တယ်လို့ VOA သတင်းတစ်ရပ်က ဖော်ပြပါတယ်။ 

ဒီလိုမြင့်တက်လာမှုတွေကြောင့် တခြားအခြေခံစားသောက်ကုန်စျေးတွေလည်း မြင့်တက်လာခဲ့သလို သယ်ယူပို့ဆောင်ရေးစရိတ်တွေလည်းမြင့်တက်လာနေတယ်လို့ စုံစမ်းသိရှိရပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *