စစ်ကိုင်းတိုင်းက ကောလင်းမြို့နဲ့ ဝန်းသိုမြို့နယ်ထဲက ကျေးရွာတချို့မီးရှို့ခံနေရ 

ဧပြီ ၂၅ ၊ ဝန်းသို

စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ပွဲတွေ ကောလင်း၊  ဝန်းသိုမြို့နယ်တွေမှာ ကျေးရွာတချို့မီးရှို့ခံနေရတယ်လို့ ဒေသခံတွေဆီိကနေသိရပါတယ်။ 

ကောလင်းနဲ့ ဝန်းသိုမြို့နယ်က ဥသျှစ်ခုန်  ကျောက်ပေါက်ခုံ ၊ စိန်လည်၊ သပြေသာ၊  ရှမ်းစု ၊ တစ်အိမ်ကျန် ၊ အောင်းကုန်း ၊ ရွှေတောင်ကျေးရွာ  စတဲ့ကျေးရွာတွေမှာ မနေ့က ဧပြီလ ၂၄ ရက်နေ့မှာ မီးရှို့ခံခဲ့ရတာဖြစ်တယ်လို့လည်းဆိုပါတယ်။ 

ပျက်စီးဆုံးရှုံးမှုရဲ့ အသေးစိတ်ကိုတော့မသိရှိရသေးပါဘူး။ 

ဒေသခံလူမှုကွန်ရက်စာမျက်နှာတွေမှာတော့ ရှမ်းစုရွာတစ်ရွာလုံးနီးပါး ပြာကျခဲ့ပြီး သံဃာတော်တချို့ ၊ အမျိုးသမီးတချို့လည်း ပစ်သတ်ခံခဲ့ရမှုတွေ ဖမ်းဆီးခေါ်ဆောင်သွားတာတွေရှိတယ်လို့ ဖော်ပြထားကြပါတယ်။ 

ဝန်းသိုမြို့နယ်ထဲမှာ ရွာပေါင်း ၄၀ ကျော် စစ်ဘေးတိမ်းရှောင်ထွက်ပြေးနေရပြီး လူပေါင်း ၂ သောင်းငါးထောင်ကျော် စစ်ဘေးဒုက္ခရောက်နေတယ်လို့လည်း ဆိုပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *