စစ်ကိုင်းတိုင်းထဲကမြို့နယ်အားလုံးနီးပါးအင်တာနက်ပြတ်နေမှုတစ်ပတ်ကျော်ရှိနေ

အင်တာနက်ဖြတ်တောက်ခံထားရတဲ့ မြို့နယ်စာရင်း

မတ် ၁၂ ၊ စစ်ကိုင်း 

စစ်ကိုင်းတိုင်းဒေသကြီးထဲက မြို့နယ်အားလုံးနီးပါးမှာ အင်တာနက်လိုင်းတွေပြတ်တောက်နေတာ တစ်ပတ်ကျော်ရှိနေပြီဖြစ်ပါတယ်။ 

မတ်လ ၄ ရက်နေ့ မနက်ပိုင်းကတည်းက အင်တာနက်ပြတ်တောက်သွားတာဖြစ်ပြီး မြို့ကြီးလေးတချို့မှာသာ အင်တာနက်အသုံးပြုလို့ရနေတာဖြစ်ပါတယ်။ 

ဒီလိုတစ်ပတ်ကျော်လာတဲ့အထိ လိုင်းတွေပြန်ဖွင့်ပေးတာတွေမရှိသေးသလို ဖုန်းလိုင်းတွေလည်း မကြာခဏပြတ်တောက်မှုတွေနဲ့ ကြုံတွေ့နေကြရပါတယ်။ 

“ အချိန်ပိုင်း ခဏ ပဲရပါတယ်ဗျာ အရင်လိုမရဘူး  အဝိုင်းလယ်နေတာအကြာကြီးဘဲ” လို့ ဖောင်းပြင်ဒေသခံတစ်ဦးက  ရှမ်းနီအသံကို စာတိုပေးပို့ပြောဆိုပါတယ်။ 

ဟုမ္မလင်းမြိုန့ယ်မှာလည်း အင်တာနက်လိုင်းတွေပျက်တောက်ပြီး သတင်းအချက်အလက်တွေ မရရှိတော့တဲ့အကြောင်း ဒေသခံတွေက ရှမ်းနီအသံကို ပြောဆိုပါတယ်။ 

ဗန်းမောက်မြို့နယ် အနောက်ခြမ်းဘက်မှာလည်း MPT  ဖုန်းလိုင်းတွေက ပျက်တောက်နေဆဲဖြစ်ပါတယ်။ 

ပင်လည်ဘူး ၊ ကောလင်း ၊ ဝန်းသို ဒေသတွေမှာတော့ ဒေသခံကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲမှာ အကျအဆုံးများပြားလာမှုတွေကြောင့် စစ်ကောင်စီက အင်တာနက်နဲ့ ဖုန်းလိုင်းတွေကို ပိတ်ထားတာ ဒီနေ့အထိဖြစ်ပါတယ်။ 

အင်တာနက်ပိတ်ခံထိတဲ့ ဒေသတချို့မှာ ဒေသခံကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲမဖြစ်ပွားတဲ့ မြို့တွေလည်းပါဝင်ပါတယ်။​

စစ်ကောင်စီက အော်ပရေတာအားလုံးနီးပါးရဲ့ အင်တာနက်တွေကို ပိတ်ထားပေမယ့် ဟုမ္မလင်း ချင်းတွင်းမြစ်ကမ်းဘေး နဲ့ ဖောင်းပြင်မြို့နယ်တို့မှာ Mytel ရဲ့ 2G ကွန်ယက်နဲ့  အင်တာနက်ကို အချိန်အကန့်အသတ်နဲ့ အသုံးပြုလို့ရတယ်လို့ သိရပါတယ်။​

Leave a Reply

Your email address will not be published. Required fields are marked *