စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အကျည်းထောင်များကနေ အကျဉ်းသား ၁၆၈ ဦး လွတ်မြောက်ခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။
ဩဂုတ်လ ၁ ရက်နေ့မှာ စစ်ကောင်စီက ဓမ္မာစကြာအခါတော်နေ့ ( ဝါဆိုလပြည့်နေ့) မှာ အကျဉ်းသူ/သား 7749 ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့တာလည်း ဖြစ်ပါတယ်။
စစ်ကိုင်းတိုင်းအတွင်းရှိ အကျဉ်းထောင်များဖြစ်သော ကသာထောင် မှ ၁၇ ဦး၊ ရွှေဘိုထောင်မှ ၇၃ ဦး ၊ မုံရွာထောင်မှ ၃၁ ဦး ၊ ခန္တီးထောင်မှ ၁၄ ဦး နဲ့ ကလေးထောင်မှ ၃၃ ဦး လွတ်မြောက်လာခဲ့တာလည်းဖြစ်ပါတယ်။
ဒါ့အပြင် စိုက်/မွေး စခန်းတွေဖြစ်တဲ့ သနန်စခန်းမှ ၁ ဦး ၊ အုတ်ဖိုကန်ဘောင်စခန်းမှ ၂ ဦး ၊ ရာဇဂြိုလ်စခန်းမှ ၁ ဦး လွတ်မြောက်ခဲ့တာလို့ သိရပါတယ်။
ပြန်လွတ်မြောက်လာသူတွေထဲမှာ လွတ်ရက်စေ့ခါနီး လူတွေအများဆုံးပါဝင်တယ်လို့လည်း အကျဉ်းထောင်နဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။
စစ်ကိုင်းတိုင်းအတွင်းက လွတ်မြောက်လာသူတွေထဲမှာ နိုင်ငံရေးပုဒ်မတွေနဲ့ ဖမ်းဆီးအကျဉ်းချခံရသူ ဘယ်နှစ်ဦးပါဝင်သလဲဆိုတာ ရှမ်းနီအသံက စုံစမ်းနေဆဲလည်းဖြစ်ပါတယ်။
ပြန်လွတ်မြောက်လာသူတွေဟာ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁ ၊ ပုဒ်မခွဲ(၁) အရ နောက်တစ်ကြိမ်ပြစ်မှုကျူးလွတ်ရင် အဲ့ဒီပြစ်ဒဏ်နဲ့ အခုကျခံဖို့ ကျန်ရှိတဲ့ ပြစ်ဒဏ်တွေကိုပါ ဆက်လက်ကျခံရမယ့် ခံဝန်လက်မှတ်ရေးထိုးပြီး လွတ်မြောက်ခဲ့ရတာလည်းဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးတဲ့နောက်ပိုင်း စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ ဖမ်းဆီးခံရသူ သုံးထောင်နီးပါးရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။