စစ်ကိုင်းတိုင်းအတွင်း လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ရှိနေပြီး အရပ်သားသေဆုံးမှုမြင့်တက် 

ဧပြီ ၂၁ ၊ ကန့်ဘလူ

စစ်ကိုင်းတိုင်းအတွင်းတွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ရှိနေပြီး အရပ်သားသေဆုံးမှုတွေမြင့်တက်လာနေတယ်လို့ ဒေသခံတွေကနေ စုံစမ်းသိရှိရပါတယ်။ 

ဧပြီလ ၂၀ ရက်နေ့တွင် ကန့်ဘလူမြို့နယ် သင်တောကျေးရွာကို စစ်ကောင်စီက လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ကုန်စုံဆိုင်တစ်ခုအနီး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အရပ်သား ၆ ဦးသေဆုံးခဲ့တယ်လို့  ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ဆိုပါတယ်။ 

လေကြောင်းမှ ဗုံးကြဲချမှုကြောင့်  ထိခိုက်ခဲ့သည့်စျေးဆိုင်သည်ထိုကျေးရွာတွင် အကြီးဆုံးသော စျေးဆိုင်တစ်ခုဖြစ်ပြီး ဆန်စက်၊ ဆီစက်များပါများပါ မီးလောင်ပျက်စီးကြောင်း သူတို့အဖွဲ့က ထုတ်ပြန်ထားပါတယ်။ 

သင်္ကြန်ကာလအတွင်းမှာလည်း ကန့်ဘလူမြို့နယ်အတွင်းမှာ လေကြောင်းတိုက်ခိုက်မှုတစ်ကြိမ်ရှိခဲ့ပြီး ထိုတိုက်ခိုက်မှုက ထိခိုက်မှုမရှိခဲ့ဘူးလို့သိရပါတယ်။ 

ကန့်ဘလူမြို့နယ်နဲ့ ထိစပ်နေတဲ့ ကောလင်းမြို့နယ် နဲ့ ဝန်းသိုမြို့နယ်ကိုလည်း စစ်ကောင်စီက သင်္ကြန်ကာလအတွင်းမှာ လေကြောင်းကနေ တိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပြီး အရပ်သား  ၅ ဦးသေဆုံးခဲ့တယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။ 

ငလျင်ကြောင့် ယာယီအပစ်ခတ်ရပ်စဲထားသည့် ဧပြီလအတွင်းမှာ လေကြောင်း ဝန်းသိုမြို့နယ် နမ့်ခမ်းကျေးရွာအတွင်း လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုကြောင့် လူ ၂၀ ကျော် သေဆုံးထားတာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *