စစ်ကိုင်းတိုင်းအထက်ပိုင်းမှာနေရာကွက်ပြီးမိုးကြီးနိုင် 

ခန္တီးမြို့မှာ ဩဂုတ်လ ၁၈ ရက်နေ့လည်ပိုင်း လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်ကျိုးကျ

ဩဂုတ် ၁၈ ၊ စစ်ကိုင်း

ဘင်္ဂလားပင်လယ်အော်နဲ့ ရခိုင်ကမ်းရိုးတန်းဒေသတွေမှာ အားကောင်းတဲ့ လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နေပြီး လာမယ့် ၂၄ နာရီအတွင်းမှာ မုန်တိုင်းငယ်တစ်ခုရောက်နိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒသက  ဩဂုတ်လ ၁၈ ရက်နေ့ ည ၆ နာရီမှာ ထုတ်ပြန်ပါတယ်။ 

အားကောင်းတဲ့ လေဖိအားနည်းရပ်ဝန်းက အနောက်-အနောက်မြောက်သို့ ရွေ့လျားကာ၊ အိန္ဒိယနိုင်ငံအနောက်ဘင်္ဂလားပြည်နယ်နှင့် ဩရိဿပြည်နယ်မြောက်ပိုင်းတို့ကိုဖြတ်ကျော်နိုင်မည်ဟုခန့်မှန်းထားပြီး  ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေအားအလွန်ကောင်းနေပါတယ်လို့ ဆိုပါတယ်။ 

ဒီလိုအခြေအနေတွေကြောင့်   မနက်ဖြန် ဩဂုတ် ၁၉ ရက်နေ့မှာ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းမှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဒေသကထုတ်ပြန်ပါတယ်။ 

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ခန္တီးမြို့မှာလည်း ဒီနေ့နေ့လည်ပိုင်း လေပြင်းတိုက်ခတ်မှုတွကြောင့် မြို့ပေါ်က သစ်ပင်လဲကျတာ ၊ သစ်ကိုင်းကျိုးကျမှုတွေဖြစ်ပေါ်ခဲ့ပြီး ၊ ကျေးရွာတချို့မှာ တဲအိမ်နဲ့ နွားတင်းကုပ်တွေပြိုကျကုန်တယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။ 

မနက်ဖြန်မှာ ပြည်နယ်နဲ့ တိုင်းဒေသကြီးအားလုံးတို့မှာ မိုးရွာသွန်းနိုင်ပြီး ရွာဖို့ ရာနှုန်းပြည့်ဖြစ်တယ်လို့ ဆိုပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *