စစ်ကိုင်းသို့လူသုံးကုန်နှင့်လုပ်ငန်းသုံးကုန်ပစ္စည်းပို့ဆောင်မှုတွေကိုကန့်သတ်

ဩဂုတ်စစ်ကိုင်း 

မန္တလေးမြို့အဝင်-အထွက်  ပူးပေါင်းစစ်ဆေးရေးဂိတ်တွေမှာ စိစစ် စစ်ဆေးရမယ့် စာရင်းတွေကို စစ်ကောင်စီဘက်က ချပြုခဲ့ပြီး အခြေခံ လူသုံးကုန် နဲ့ လုပ်ငန်းသုံးပစ္စည်းတွေကို တင်းကြပ်စစ်ဆေးသွားမှာလို့ သိရပါတယ်။ 

စစ်ကိုင်းတိုင်းရဲ့ စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်တဲ့ ရွှေတူးဖော်မှုတွေကို ကန့်သတ်ဖို့အတွက် ရွှေတူးဖော်ရေး လုပ်ငန်းသုံး ဆက်စပ်ပစ္စည်းတွေ ကို မန္တလေးကနေ တင်ပို့ခွင့် ကန့်သတ်လိုက်တာလည်းဖြစ်ပါတယ်။ 

အခုက ကားတစ်စီးလုံးကို ကန့်စတန်ရုံးထဲကို မောင်းဝင်ပြီး ကားတစ်စီးလုံးကိုချပြီးတော့ စစ်တာ ၊ ဘာမှ တင်လို့မရဘူး။ လမ်းခရီးကလည်း အထက်ကိုတက်မယ်ဆိုရင် ၁၀ ရက်လောက်တောင်ကြာတယ်။ မလွယ်ဘူး အခုဘာမှ တင်လို့” လို့ မန္တလေး-စစ်ကိုင်းကို ကားလိုင်းပြေးဆွဲနေသူတစ်ဦးကပြောပါတယ်။ 

ကန့်သတ်ပစ္စည်းတွေထဲက လျှပ်စစ်ပစ္စည်းတွေထဲမှာ ဝါယာကြိုး၊ ဘထ္ထရီ ၊ ဆိုလာ ၊ ပါဝါဗန့်တွေနဲ့ ဓာတ်မြေဩဇာတွေ ပါဝင်တာလည်းဖြစ်ပါတယ်။ 

ဒါ့အပြင် အခြေခံလူသုံးကုန်ပစ္စည်းများဖြစ်တဲ့ စောင်၊ခြင်ထောင်၊ လစဉ်သုံးပစ္စည်း တွေအပါအဝင် အဝတ်အထည်တွေ အားလုံးကို စိစစ် စစ်ဆေးရမယ်လို့ဆိုပါတယ်။ 

ကျန်းမာရေးသုံး အောက်စီဂျင်အိုးများ စစ်ဆေးဖို့လည်းလိုအပ်တယ်လို့ဆိုပါတယ်။ 

ကန့်သတ်ပစ္စည်းတွေကို သယ်ယူဖို့အတွက် တိုင်းဒေသကြီးအစိုးရရဲ့ ခွင့်ပြုချက်ရယူရမှာဖြစ်ပြီး ခွင့်ပြုချက်မရှိဘဲ ဖြတ်သန်းသွားလာခွင့် မပြုဖို့နဲ့ စစ်ဆေးပြီးမှ ဖြတ်သန်းခွင့်ပြုရမယ်လို့ ကြေညာထားပါတယ်။ 

စစ်ကိုင်းတိုင်းသို့ တင်ပို့မယ့် ကန့်သတ်ပစ္စည်းတွေထဲမှာ စက်သုံးဆီ ၊ ချောဆီ နဲ့ ဒီဇယ်တွေပါဝင်နေတာလည်းဖြစ်ပါတယ်။ 

ဒီလို ကန့်သတ်မှုတွေကြောင့် စစ်ကိုင်းတိုင်းအတွင်း အခြေခံသွားလာရေးအတွက် စက်သုံးဆီစျေးနှုန်းတွေ  အဆမတန်မြင့်တက်လာနေတာလည်းဖြစ်ပါတယ်။ 

စက်သုံးဆီပြတ်တောက်မှုတွေကြောင့် စစ်ကိုင်းတိုင်းအတွင်းထွက်တဲ့ ကိုယ်တိုင်ချက် စက်သုံးဆီစျေးနှုန်းတွေဟာလည်း တစ်ပေပါ ကျပ် ၉ သိန်းအထိမြင့်တက်တယ်လို့သိရပါတယ်။ 

သယ်ယူရေးလမ်းပိုင်းတစ်လျှောက်မှာလည်း အခွန်အခတွေ များပြားလွန်းတာကြောင့်  လက်ရှိ စက်သုံးဆီ ဆီဈေးနှုန်း သတ်မှတ်စျေးက  တစ်ပေပါ ၁၅၀၀၀၀၀ ကျပ်ဖြစ်ပြီး ကုန်သည်များရောင်းချမှုဈေးနှုန်း မှာတော့ ၁၄၈၀၀၀၀ မှ ၁၄၆၀၀၀၀ အထိလျှော့ချရောင်းချနေတာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *