၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့ကစပြီး အာဏာသိမ်းခဲ့ပြီးတဲ့နောက် တစ်နှစ်ပြည့်မယ့်၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ သက်တမ်းပြန်တိုးသွားမယ်လို့ မနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
စစ်ကောင်စီက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂၅ အရ နိုင်ငံတော်ကို အရေးပေါ်အခြေအနေအဖြစ်ကြေညာပြီး အာဏာသိမ်းခဲ့တာလည်းဖြစ်ပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်အရေးပေါ်အခြေအနေကို တစ်နှစ်ပေးထားပြီး ကာလသက်တမ်းထပ်တိုးဖို့လိုရင် ကာလုံခေါ်ပြီးတော့ နောက်ထပ် သက်တမ်း ၆ လ နှစ်ကြိမ် သက်တမ်းတိုးခွင့်ရှိတယ်လို့ဆိုပါတယ်။
စစ်ခေါင်းဆောင်တွေဘက်က အာဏာသိမ်းမှုရဲ့ အဓိက အကြောင်းပြချက်မှာ ၂၀၂၀ မှာ မဲစာရင်းမှားယွင်းမှုလို့ဆိုပါတယ်။
စစ်ကောင်စီရဲ့ ပြောဆိုထားမှုအရ လာမယ့် ၂၀၂၃ ခုနှစ် ဩဂုတ်လမှာ ရွေးကောက်ပွဲပြုလုပ်ပြီးတော့ အာဏာလွဲပြောင်းရေးလုပ်ဆောင်သွားမယ်လို့ ပြောဆိုပါတယ်။
လက်ရှိအချိန်မှာတော့ မြန်မာနိုင်ငံနေရာအနှံ့အပြားမှာ တိုက်ပွဲတွေနဲ့ မတည်မငြိမ်မှုတွေက ဆက်လက်တည်ဖြစ်ပေါ်နေတာလည်းဖြစ်ပါတယ်။