မေ၆၊ချင်းမိုင်
စစ်ကောင်စီခေါင်းဆောင် ကမ်းလှမ်းထားတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် အပစ်ရပ်ထားတဲ့ အဖွဲ့တွေနဲ့ စုဖွဲ့ထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့( PPST) အထူးအစည်းအဝေးတစ်ခုကို မေလ ၆ ရက်နေ့မှ ၇ ရက်နေ့အထိပြုလုပ်နေပါတယ်။
ဒီဖိတ်ခေါ်ကမ်းလှမ်းမှုကို PPST အဖွဲ့ဝင်တွေကြားမှာ အမြင်သဘောထားတွေ စုစည်းဖလှယ်ပြီး ပြင်ဆင်မှု တွေချမှတ်နိုင်ဖို့ စုပေါင်းဆောင်ရွက်မှု အားကောင်းလာစေဖို့ ရည်ရွယ်ပြီးခေါ်တာလို့ အဖွဲ့ကောင်းဆောင်ဖြစ်တဲ့ နိုင်အောင်မင်းက အဖွင့်မိန့်ခွန်းမှာဆိုထားပါတယ်။
PPST အနေနဲ့က လက်ရှိရင်ဆိုင်နေရတဲ့ အထွေထွေနိုင်ငံရေးအကြပ်အတည်းကို ဖြေရှင်းဖို့ နိုင်ငံရေးနည်းနဲ့သာ ဖြေရှင်းရမယ့်မူကို ခိုင်ခိုင်မာမာရပ်နေထားတယ်လို့ ဆိုပါတယ်။
PPST အနေနဲ့ ယခင်က စုံညီအစည်းအဝေးက ချမှတ်ထားခဲ့တဲ့ NCA အနှစ်သာရ မူ (၃)ချက် ၊ နိုင်ငံရေးရည်မှန်းချက် (၇) ချက်နဲ့ နိုင်ငံရေးလမ်းပြမြေပုံဆိုင်ရာ အဆိုပြုချက် (၈) ဆင့်တို့အပေါ် အခြေခံပြီး ဆောင်ရွက်သွားရမှာလို့ ပြောပါတယ်။
စစ်ကောင်စီဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွဲနွေးပွဲကို ဆန့်ကျင့်တဲ့ ပြည်တွင်းပြည်ပ နဲ့ အမြင်မတူညီတဲ့ အင်အားစုတွေနဲ့လည်းနားလည်မှုရရှိရေးကြိုးပမ်းသွားဖို့ ၊ နိုင်ငံတကာအသိုင်းအဝိုင်းကနေ အကြံပြုချက်ရယူသွားဖို့လည်း ထည့်သွင်းပြောဆိုထားပါတယ်။
မေလ (၉) ရက်နေ့ နောက်ဆုံးထားပြီး စာရင်းပေးပို့ရမယ့် ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် အပစ်ခတ်ရပ်စဲရေးလက်မှတ်မထိုးထားတဲ့ အဖွဲ့တချို့တက်ရောက်ဖို့လည်း ရှိနေသလို အပစ်ရပ်ထားတဲ့ အဖွဲ့တချိို့လည်း တက်ရောက်မှာမဟုတ်တဲ့အကြောင်း ပြောဆိုထားကြပါတယ်။