စစ်ကောင်စီနဲ့အလွတ်သဘောတွေ့ဆုံဆွေးနွေးဖို့ NCA ရေးထိုးထားတဲ့အဖွဲ့ (၇) ဖွဲ့ကြိုးပမ်း 

ဒီဇင်ဘာ ၉ ၊ ရန်ကုန်

စစ်ကောင်စီရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နဲ့ NCA ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် (၇) ဖွဲ့တိို့က တွေ့ဆုံဖို့ ကမ်းလှမ်းစာတစ်ခု ဒီဇင်ဘာ ၈ ရက်နေ့မှာထွက်ပေါ်လာပါတယ်။ 

စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီက NCA ထိုးထားတဲ့ အဖွဲ့(၇)ဖွဲ့ရဲ့ ကမ်းလှမ်းမှုကို လက်ခံခဲ့ပြီးတဲ့နောက် အဆိုပြုချက် (၄) ချက်ပါတဲ့ စာတစ်စောင်ကို ထပ်မံပေးပိုခဲ့တာကိုတွေ့ရပါတယ်။ 

လာမယ့် ဒီဇင်ဘာ ၁၂ ရက်နေ့မှာ ထိုင်းနိုင်ငံချင်းမိုင်မြို့မှာ နှစ်ဖက်ကိုယ်စားလှယ် အနည်းငယ်စီ သိုသိုသိပ်သိပ်  အလွတ်သဘောတွေ့ဆုံမှုစတင်တာ၊ အဲ့တာပြီးတဲ့နောက်  နှစ်ဖက်စုံညီကိုယ်စားလှယ်တွေနဲ့ တောင်ကြီးမြို့မှာ အလွတ်သဘောတွေ့ဆုံမှုတွေပြုလုပ်ဖို့ NCA ထိုးတဲ့တဲ့အဖွဲ့တွေက ဆိုထားပါတယ်။ 

ဒီဇင်ဘာလ နောက်ဆုံးအပတ်ထဲမှာ ရန်ကုန်မြို့မှာ တရားဝင်ဆွေးနွေးမှု ကျင်းပပြီး ဆက်လက်ညှိနှိုင်းတာနဲ့ ဘုံသဘောတူညီမှုတွေကိုလက်မှတ်ရေးထိုးတာတွေ ပြုလုပ်ဖို့ ကမ်းလှမ်းထားတာလည်းဖြစ်ပါတယ်။ 

ကမ်းလှမ်းခဲ့တဲ့ NCA လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ (၇)ဖွဲ့တွေဖြစ်တဲ့  ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ၊ DKBA ၊ KNLA PC ၊  LDU ၊ NMSP  ၊ PNLO နဲ့ RCSS/SSA တို့ဖြစ်ပြီး   စစ်ကောင်စီဥက္ကဌရဲ့ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုတွေကို တစ်ဖွဲ့ခြင်း တက်ရောက်ခဲ့ကြတဲ့အဖွဲ့တွေပဲဖြစ်ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *