စစ်ကောင်စီရဲ့သေဒဏ်စီရင်မှုကိုထိုင်းရောက်မြန်မာနိုင်ငံသားတွေဆန္ဒပြ

ထိုင်းနိုင်ငံ မြန်မာသံရုံးရှေ့မှာ ဆန္ဒထုတ်ဖော်နေမှု Photo Credit

ဇူလိုင် ၂၆ ၊ ဘန်ကောက်

စစ်ကောင်စီရဲ့ ဒီမိုကရေစီတက်ကြွလှုပ်ရှားသူတွေကို သေဒဏ်စီရင်တာနဲ့ ပတ်သက်ပြီး ဇူလိုင်လ ၂၆ ရက်နေ့မှာ ထိုင်းနိုင်ငံရောက် မြန်မာတွေက ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ 

ဘန်ကောက်မြို့က ထနွမ်ဆာထွန်လမ်းမှာရှိတဲ့  မြန်မာသံရုံးရှိအနီးတဝိုက်မှာ  ထောင်ပိုင်းနီးပါး စုဝေးပြီး ဆန္ဒထုတ်ဖော်ခဲ့ကြတာလည်းဖြစ်ပါတယ်။ 

“ ကျွန်တော်တို့နဲ့ CDM လုပ်ပြီး ပူးပေါင်းပါ ၊ ဒီအချိန်မှာ ခင်ဗျားတို့ ခြုံစည်းရိုးခွပြီးမထိုင်ပါနဲ့တော့ ကျွန်တော်တို့ရဲ့ ပြည်သူတွေရဲ့ မျက်နှာကို ကြည့်ပေးပါ။ ခင်ဗျားတို့ခြံစည်းရိုးခွထိုင်ဖို့ ခင်ဗျားတို့ အားကိုးနေတဲ့ စစ်တပ်ကလည်း အင်အားအင်မတန်ချိနဲ့နေပါပြီ  ကျွန်ုပ်တို့ပြည်သူတွေ သွေးမြေကျသလို ၊ သွေးကြွေးမှာ ဆွေးနွေးစရာမရှိပါဘူး”​ လို့ ဆန္ဒပြပွဲမှာ ပါဝင်တဲ့ တက်ကြွလှုပ်ရှားသူတစ်ဦးကဆိုပါတယ်။ 

ထိုင်းနိုင်ငံက မြန်မာသံရုံးက တာဝန်ရှိသူတွေကို CDM မှာ ပါဝင်ဖို့အတွက်တောင်းဆိုမှုတွေရှိနေသလို ၊ နောက်တစ်ကြိမ်ဆန္ဒထုတ်ဖော်မှုတွေထက် သံရုံးကို ဝင်စီးမယ်လို့ ဆန္ဒပြပွဲမှာ ဟောပြာမှုတွေလည်းရှိပါတယ်။ 

ဒီဆန္ဒပြပွဲက  စစ်ကောင်စီကို ဆောင်ပုဒ်အမျိုမျိုးနဲ့ ပြောဆိုကန့်ကွက်ခဲ့ကြတာလည်းဖြစ်ပါတယ်။ 

ထိုင်းနိုင်ငံမြန်မာသံရုံးကို ဒီတစ်ချိန်ဆန္ဒထုတ်ဖော်မှုက လူအများဆုံး ဆန္ဒထုတ်ဖော်မှုလို့လည်းဖြစ်ပါတယ်။ 

စစ်ကောင်စီရဲ့ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေကို ကွက်မျက်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ ၊ အာဆီယံ ၊​ ဥရောပ သမဂ္ဂ နဲ့ ပြည်တွင်း ပြည်ပက မြန်မာအများစု ကန့်ကွက်ရှုံ့ချထားကြပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *