စစ်ကောင်စီရဲ့ လေယာဉ်ဆီသယ်ယူပေးမယ်ဆိုတဲ့ သတင်းကို RCSS/SSA က သတင်းမှားဖြစ်လို့ဆို

RCSS/SSA တပ်သားများ Photo – tai freedom

ဇန်နဝါရီ ၂၂ ၊ လွိုင်တိုင်းလျှန်း 

စစ်ကောင်စီရဲံ လေယာဉ်ဆီကို ထိုင်းနယ်စပ်ကနေ တောင်ကြီးမြို့အထိ သယ်ယူပေးရေးအတွက်   RCSS/SSA က သဘောတူဆိုတဲ့ သတင်းတစ်ပုဒ်ကို Myanmar Now သတင်းဌာနက မနေ့ ညက ရေးသားခဲ့ပါတယ်။ 

ဒီအပေါ်မှာ ဒီနေ့မနက်မှာပဲ RCSS/SSA က မဟုတ်မှန်တဲ့ သတင်းရေးသားမှုဖြစ်ပြီး တရားဝင် တောင်းပန်ဖို့ Myanmar Now သတင်းဌာနကို  ရေးသားပေးပို့ခဲ့ကြောင်း သိရပါတယ်။ 

Myanmar Now သတင်းဌာန ရေးသားမှုက  RCSS/SSA နဲ့ စစ်ကောင်စီတို့ကြား လေယာဉ်ဆီသယ်ပေးဖို့ အချက် (၃)ချက် သဘောတူညီခဲ့တယ်လို့ ဆိုပါတယ်။​

သတင်းဌာနက ကိုးကားတဲ့ သတင်းအရင်းအမြစ် က RCSS/SSA အပေါ်မှာ ရည်ရွယ်ချက်ရှိရှိ ၊ နိုင်င့ရေးဂုဏ်သိက္ခာညိုးနွမ်းအောင် နဲ့ ညီနောင်EAO တွေကြားမှာ အယုံအကြည် ကင်းမဲ့အောင် အချိန်ကိုက် လုပ်ကြံခဲ့တယ်လို့ RCSS/SSA  ဘက်က ပြောဆိုခဲ့ပါတယ်။​

ဒီမဟုတ်မှန်တဲ့ သတင်းကို ပြန်လည်ဖြုတ်ချပေးဖို့ နဲ့ တရားဝင်တောင်းပန်ဖို့ အလေးအနက်တောင်းဆိုကြောင်း RCSS/SSA အတွင်းရေးမှူး (၁) ဗိုလ်မှူးကြီး စိုင်းငင်း လက်မှတ်ရေးထိုး တောင်းဆိုခဲ့ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *