စစ်ကောင်စီအပေါ်အာဆီယံအရေးမယူမှု NUG စိတ်ပျက်

ဇူလိုင်၁၇ချင်းမိုင် 

ကျင်းပပြီးစီးခဲ့တဲ့အာဆီယံထိပ်သီးအစည်းအဝေးပွဲကနေ  မြန်မာ့ပဋိပက္ခဆိုးရွာလာနေသည်ကိုအာဆီယံကစိုးရိမ်ပူပန်ကြောင်းပြောဆိုသော်လည်းစစ်ကောင်စီအပေါ်အရေးယူမှုမပြုလုပ်ခဲ့မှုကြောင့် NUG အနေနဲ့စိတ်ပျက်မှုများစွာဖြစ်ရတယ်လို့မနေ့ကဆိုလာပါတယ်။

အာဆီယံရဲ့ပူးတွဲကြေညာချက်တွေဟာမြန်မာရဲ့မြင့်တက်လာတဲ့ပဋိပက္ခတွေနဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအခြေအနေတွေအပေါ်စိုးရိမ်ပူပန်ကြောင်းဆိုထားပြီး  အရပ်သားပစ်မှတ်တွေနဲ့အများပြည်သူအဆောက်အဦးတိုက်ခိုက်ခံနေရတာတွေကိုရှုံ့ချကြောင်းဆိုထားပါတယ်။

အာဆီယံရဲ့ထုတ်ပြန်မှုအပေါ်ကြိုဆိုသော်လည်းစစ်ကောင်ဏီအပေါ်တိုက်ရိုက်ဖော်ထုတ်ရှုံ့ချမှုနဲ့ထိရောက်တဲ့အရေးယူကိုင်တွယ်မှုတွေမရှိတဲ့အတွက် NUG ကများစွာစိတ်ပျက်မိကြောင်းဆိုထားပါတယ်။ 

စစ်ကောင်စီရဲ့ရွေးကောက်ပွဲပြုလုပ်ဖို့ကြိုးပမ်းမှုတွေဟာအာဆီယံဘုံသဘောတူညီချက်ပါအကြမ်းဖက်မှုအဆုံးသတ်ရေးဆိုတာကိုဆန့်ကျင်နေပြီးရွေးကောက်ပွဲအပေါ်ဟန့်တားမှုတွေမလုပ်ရင်အာဆီယံကစစ်ကောင်စီကိုသွယ်ဝိုက်တဲ့အကာအကွယ်ပေးနေတာလို့ NUGကရှူမြင်ကြောင်းဆိုပါတယ်။ 

အာဆီယံဥက္ကဌကရွေးကောက်ပွဲထက်ငြိမ်းချမ်းရေးကိုဦးစားပေးလုပ်ဖို့မြန်မာ့ခေါင်းဆောင်တွေကိုပြောဆိုထားပါတယ်။ 

ဒါ့အပြင်အာဆီယံဥက္ကဌရဲ့မြန်မာနိုင်ငံအရေးကြိုးပမ်းမှုတွေထဲဖမ်းဆီးထိန်းသိမ်းခံရတဲ့ခေါင်းဆောင်တွတွေနဲ့တွေ့ဆုံနိုင်ရေးမရှိတာကြောင့်မြန်မာ့အရေးဖြေရှင်းမှုမှာအာဆီယံရဲ့အကန့်အသတ်တွေများစွာရှိနေကြောင်းကိုလည်းပြောဆိုပါတယ်။ 

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်အးဝေးကိုပြီးခဲ့တဲ့ဇူလိုင်လရက်နေ့မှာမလေးရှားနိုင်ငံကွာလာလမ်ပူမြို့မှာပြုလုပ်ခဲ့ပြီးမြန်မာ့အရေးဆွေးနွေးမှုတွေလည်းပါဝင်ခဲ့တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *