စစ်ကောင်စီ၏ စစ်ယာဉ်တန်းကို ရှမ်းနီအမျိုးသားများတပ်မတော် (SNA) မိုင်းခွဲတိုက်ခိုက်

ဩဂုတ် ၈ ၊ ဟုမ္မလင်း 

ဟုမ္မလင်းမြို့နယ် ဟဲဖက်ကျေးရွာအုပ်စုတွင် စစ်ကောင်စီတပ်၏ စစ်ယာဉ်တန်းကို ရှမ်းနီအမျိုးသားများတပ်မတော် (SNA) က ယနေ့ ဩဂုတ်လ (၈) ရက် နေ့လည်ပိုင်း (၁) နာရီခွဲအချိန်က မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်၏ ယာဉ်တစ်စီးထိခိုက်ခဲ့ကာ (၂) ဦးသေဆုံးပြီး(၅) ဦးဒဏ်ရာရသွားကြောင်း SNA ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းဆေထွန်းက ရှမ်းနီအသံကိုပြောသည်။

“ အဓိကတော့ အခုက သူတို့ဗျူဟာမှူးကိုယ်တိုင် နန့်တောမှာအထိုင်လုပ်ပြီးတော့မှ သူတို့စစ်ကြောင်းတွေဝင်လာတယ်။  ဝင်လာတာကတော့ မနေ့ကတည်းကနဲ့ပဲ နန့်တောနားမှာ အခြေချပြီးတော့မှပဲ ဒီနေ့နေ့လည်မှ  စစ်ကားသုံးစီးနဲ့  ထွက်လာတာပေါ့ ထွက်လာတဲ့အချိန်မှာဖြစ်တာ ။  ဒီဘက်က တပ်မဟာ ၇၅၃ နယ်မြေက မိုင်းခွဲတိုက်ခိုက်တာ” ဟု ၎င်းကဆိုသည်။ 

ထိုမိုင်းခွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်များက ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း သိရသည်။ 

“ စစ်ရေးအခြေအနေကတော့ စစ်ကောင်စီတပ်ပေါ်ပဲမူတည်တယ်။ သူတို့လှုပ်ရှားမှုများလာရင် ရှေ့လျှောက်ဆိုရင် ထိတွေ့မှုပိုများလာနိုင်တယ်။ ဒေသတွင်း တည်ငြိမ်ဖို့ကတော့သူတို့အပေါ်ပဲမူတည်တယ်။ ” ဟု ၎င်းကဆက်လက်ပြောကြားသည်။ 

ရှမ်းနီအမျိုးသားများတပ်မတော် နှင့် စစ်ကောင်စီတပ်တို့သည်  ဩဂုတ်လ (၆) ရက်နေ့တွင်လည်း ဟဲဖက်အုပ်စု ကွေ့ပေကျေးရွာအနီးတွင် ထိတွေ့မှုဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က နှစ်ဦးသေဆုံးခဲ့သည်။ 

https://www.shannivoice.com/2021/08/06/ရှမ်းနီအမျိုးသားတပ်မတေ-2/

Leave a Reply

Your email address will not be published. Required fields are marked *