အင်းတော်ကြီးဒေသတွင် လူငါးရာကျော် ကိုဗစ်ဆေးထိုးနှံပြီး

မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသတွင် ဩဂုတ်လ ၆ – ၇ ရက်များတွင် ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုများပြုလုပ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ကာကွယ်ဆေးထိုးနှံပေးရာတွင် အသက် (၆၅)နှစ် နှင့်အထက်များ ၊ ပရဟိတများ ၊ ဌာနဆိုင်ရာဝန်ထမ်းများ ၊ စျေးသည်များလည်း ပါဝင်ကြောင်း သိရသည်။

အင်းတော်ကြီးဒေသတွင် ကာကွယ်ဆေးခွဲတမ်း အလုံးရေ ၂၅၀ ရရှိခဲ့ပြီး ဆေးတစ်လုံးလျှင် နှစ်ဦးနှုန်းထိုးနှံနိုင်မှုကြောင့် လူဦးရေ ၅၀၀ ထိုးနှံခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ယခုကာကွယ်ဆေးထိုးမှုတွင် အသက် (၆၅) နှစ်အထက် ၁၉၀ ဦး ၊ သံဃာတော် ၁၀ ပါး ၊ ပရဟိတအဖွဲ့ ၂၂၅ ဦး ၊ စျေးသည် ၅၀ ဦးတို့ ထိုးနှံခဲ့ကြောင်း သိရသည်။

အင်းတော်ကြီးဒေသရှိ သံဃာတော်တချို့ ၊ သက်ကြီးရွယ်အိုတချို့ကို စစ်ကောင်စီက အာဏာသိမ်းပြီး လအနည်းငယ်အတွင်း အရင်အစိုးရက ကျန်းမာရေးဝန်ထမ်းများ ဒုတိယအကြိမ်ထိုးနှံရန်ကျန်နေသည့် Covidshell ကို ထိုးနှံပေးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *