မေ ၃ ၊ မိုးမောက်
စစ်ကောင်စီသည် KIA ကို လေကြောင်းဖြင့် ထိုးစစ်ပြုလုပ်ခဲ့သည်မှာ ရက်သတ္တတစ်ပတ်ကျော်ခဲ့ပြီး ယနေ့ နံနက်ပိုင်းက ဟယ်ရီကော်ပတာ တစ်စီးကို KIA က ပစ်ချခဲ့ကြောင်း ၎င်းတို့လည်း အတည်ပြုသလို ဒေသခံ များကလည်း ပြောဆိုကြသည်။
“ သေနတ်သံတွေက ဒုန်းဒုန်းဒိုင်းဒိုင်းနဲ့ ပစ်နေတုန်းပဲ၊ ခုနက လေယာဉ်တစ်စီးပျက်ကျသွားတယ်။ လေယာဉ် ကို မီးတွေလောင်နေတာတွေ့လိုက်တယ်။ တာဝါတိုင်နဲ့ သိပ်မဝေးတဲ့ နေရာကို ကျသွားတာထင်တယ်” ဟု ဒေသခံ တစ်ဦးက ရှမ်းနီအသံကိုပြောသည်။
KIA ၏ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူကလည်း ၎င်းတို့ ပစ်ချခဲ့ကြောင်း မဇ္ဇျိမ မီဒီယာကို ဖြေကြားထားသည်။
လက်ရှိအချိန်ထိ KIA နှင့် စစ်ကောင်စီတို့ လက်နက်ကြီးဖြင့် ပစ်ခတ်သံများ ကြားနေရဆဲဖြစ်ကြောင်း နမ့်တိန်ဒေသခံ တစ်ဦးက ပြောကြားသည်။