စစ်တပ်ဝင်းထဲမှိုသွားရှာသည့်ဒေသခံတစ်ဦးမိုင်းနင်းမိလို့ဆေးကုသမှုခံယူနေရ

စက်တင်ဘာ ၁၁၊ ဆင်ဘို 

မြစ်ကြီးနားမြို့နယ် ဆင်ဘိုမြို့မှာ စစ်တပ်ဝင်းအတွင်း မှိုသွားရှာသည့် ဒေသခံတစ်ဦး မိုင်းနင်းမိပြီး ဆေးကုသမှုခံယူနေရတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုမှုအရ သိရပါတယ်။ 

ပြီးခဲ့တဲ့ စက်တင်ဘာလ ၈ ရက်နေ့တွင် ဆင်ဘိုတင်ရင်း ၁၄၁ ဝင်းအတွင်း မှိုသွားရှာရင်း ထောင်ထားသည့်မိုင်းကိုနင်းမိခဲ့တာဖြစ်တယ်လို့ ဖြစ်စဉ်ကို သိတဲ့ ရပ်မိရပ်ဖ တစ်ဦးကပြောပါတယ်။

စစ်တပ်ဝင်းထဲမှာမှိုရှာသွားတာစစ်တပ်ဝင်းကလည်းကျယ်တော့လေ။အခြေအနေမကောင်းတော့သူတို့လည်းမိုင်းထောင်ထားတာနေမှာပါ့။စစ်တပ်ဝင်းထဲမှာဖြစ်သွားတာဝင်းအပြင်မှာဖြစ်သွားတာတော့မဟုတ်ဘူးလို့၎င်းကရှမ်းနီအသံကိုပြောပါတယ်။

မိုင်းနင်းမိတဲ့ ဆင်ဘိုဒေသခံ ဦးသက်ဝင်းဟာ အသက် ၄၀ ဝန်းကျင်ရှိပြီး  မိုင်းကြောင့် ခြေထောက်တစ်ဖက် ကျိုးသွားပြီး၊ ကျန်တစ်ဖက်ကတော့ ပြတ်လုနီးပါး ဖြစ်သွားတာလည်းဖြစ်ပါတယ်။ 

အဆိုပါ မိုင်းနင်းမိသည့် ဦးသက်ဝန်းကို  ဆင်ဘိုတပ်ရင်း ၁၄၁ မှ ဆေးဖိုးဝါးခ ကူညီပေးမယ်လို့ ပြောဆိုမှုတွေ ရှိနေပေမယ့် ရှမ်းနီအသံက ဆက်သွယ်မေးမြန်းချိန်အထိ မည်သည့်အကူအညီမှ မရရှိသေးဘူးလို့ စုံစမ်းသိရှိရပါတယ်။ 

“ ဆေးဖိုးဝါးခ ကူညီပေးမယ်လို့တော့ ကြားတယ်။ ကူမလား မကူဘူးလားတော့ မသိဘူး။ လောလောဆယ်တော့ ဘာမှ မပေးလာသေးဘူး” လို့ အမည်မဖော်လို့တဲ့ နောက်ထပ် ဆင်ဘိုဒေသခံတစ်ဦးက ပြောပါတယ်။ 

၂၀၂၂ ခုနှစ် မြေမြှုပ်မိုင်းအသုံးပြုမှု စောင့်ကြည့်ရေး အစီရင်ခံစာအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်း မြန်မာမှာ မြေမြှုပ်မိုင်းအသုံးပြုမှု သိသိသာသာတိုးလာနေပြီး အရပ်သား ရာနှင့်ချီဟာ ပြီးခဲ့တဲ့နှစ်အတွင်း  ရာနှင့်ချီ ထိခိုက်သေဆုံးမှုတွေရှိခဲ့တာလည်းဖြစ်ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *