စစ်ဗိုလ်ချုပ်ဟောင်းများနဲ့  နာမည်ကျော် နိုင်ငံရေးသမားများ ပါဝင်တဲ့  ပြည်ထောင်စုအတိုင်ပင်ခံကောင်စီ ဖွဲ့စည်း 

ဧပြီ ၁၀ ၊ ရန်ကုန် 

ပြည်ထောင်စု အတိုင်ပင်ခံကောင်စီကို အငြိမ်းစား  စစ်ဗိုလ်ချုပ်ကြီးတွေနဲ့အတူ နိုင်ငံရေးပါတီတချို့က ခေါင်းဆောင်တွေနဲ့ ဖွဲ့စည်းလိုက်တယ်လို့ကြေညာလာပါတယ်။ 

ဒီကောင်စီမှာ ဥက္ကဌအဖြစ် လတ်တလော အငြိမ်းစားရယူထားတဲ့ ဒုတပ်ချုပ် (ငြိမ်း) ဦးစိုးဝင်းကိုခန့်အပ်ခဲ့ပြီး အတွင်းရေးမှူးအဖြစ် ဦးမောင်မောင်အေးကို ခန့်အပ်ထားတာလည်းဖြစ်ပါတယ်။ 

နာမည်ကျော် နိုင်ငံရေးသမားတွေဖြစ်တဲ့ ပြည်သူ့ပါတီက ဦးကိုကိုကြီး ၊ မန်းငြိမ်းမောင် ၊ ရခိုင်နိုင်ငံရေးသမားလည်းဖြစ် ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးဟောင်း ဦးဇော်အေးမောင် တို့လည်း ပြည်ထောင်စုအတိုင်ပင်ခံ ကောင်စီထဲမှာ အဖွဲ့ဝင်အဖြစ်ပါဝင်လာပါတယ်။

ဒါ့အပြင် ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဒေါ်ချိုချိုကျော်ငြိမ်း ၊ စစ်ကော်မရှင် အကြံပေး ဒေါက်တာရင်ရင်နွယ် ၊ ဒေါ်ဒွဲဘူ တို့လည်း ဒီကောင်စီထဲ ပြန်ပါဝင်လာပါတယ်။ 

ယခင်က ဝန်ကြီးဟောင်းတွေဖြစ်တဲ့ ဦးသန်းဆွေ၊ ဦးကိုကိုလှိုင် ၊ အငြိမ်းစားဗိုလ်ချုပ်ကြီးမိုးအောင် တို့ကိုလည်း အဖွဲ့ဝင်စာရင်းထဲထည့်ထားပါတယ်။

ငြိမ်းချမ်းရေး၊ ဒီမိုကရေစီနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးတို့ကို  ဘက်စုံလွှမ်းခြုံဆောင်ရွက်နိုင်ဖို့အတွပြည်ထောင်စုအတိုင်ပင်ခံ ဥပဒေနဲ့အညီ ပြည်ထောင်စုအတိုင်ပင်ခံကောင်စီကို ဖွဲ့စည်းတာဝန်ပေးအပ်သွားမှာဖြစ်တယ်လို့” လို့ သမ္မတ ဦးမင်းအောင်လှိုင်က ဒီနေ့ ပြည်ထောင်စုလွတ်တော်မိန့်ခွန်းမှာ  ပြောပါတယ်။ 

ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဟာ လုံခြုံရေး၊ နိုင်ငံတကာဆက်ဆံရေး ၊ ငြိမ်းချမ်းရေးနဲ့ ဥပဒေပြုရေးဆိုင်ရာကိစ္စရပ်တွေကို အကြံပေးတာ ၊ ညှိနှိုင်းဆောင်ရွက်ပေးတာတွေကို ဆောင်ရွက်နိုင်ဖို့ဖြစ်ပါတယ်။ 

ဒီဥပဒေကိုလည်း စစ်ကော်မရှင်က ၂၀၂၆ နှစ်စမှာ အတည်ပြုပြဌာန်းခဲ့တာဖြစ်ပြီးတော့ နိုင်ငံတော်သမ္မတကိုအဓိကအကြံပေးဖို့ပဲဖြစ်ပါတယ်။ 

အရပ်သားအစိုးရလက်ထပ်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် တာဝန်ရရယူခဲ့ပြီး  အုပ်ချုပ်ရေး နဲ့  ဥပဒေပြုရေး ကဏ္ဍ နှစ်ခုအကြား အချိတ်အဆက်ဖြစ်စေဖို့အတွက်ရည်ရွယ်ခဲ့တာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *