စစ်မှုထမ်း ဥပဒေကို ဆန္ဒပြသူများနှင့် နိုင်ငံရေးအကျဉ်းသားတချို့ ပြန်လွှတ်ခဲ့

နိုဝင်ဘာ ၂၇၊ ရန်ကုန်

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၇ အရ  ပုဒ်မ ၅၀၅ (က) နဲ့ အမှုရင်ဆိုင်နေသူတွေကို အမှုပိတ်သိမ်းကြောင်း အမိန့်တစ်ရပ်ကို မနေ့ညက စစ်ကော်မရှင်က ထုတ်ပြန်လာပါတယ်။ 

အဲ့ဒီထဲက ပုဒ်မ ၅၀၅ (က) နဲ့  တရားစွဲဆိုခံထားရတဲ့ စစ်မှုထမ်း ဥပဒေကိုဆန္ဒပြသူတွေနဲ့  နိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော်ကို ပြန်လွှတ်ပေးခဲ့တယ်လို့  လူမှုကွန်ရက်သတင်းများမှ သိရပါတယ်။ 

ဒီနေ့ နေ့လယ်ပိုင်းမှာ ရန်ကုန်မြို့ အင်းစိန်ထောင်မှာ အကျဉ်းချထိန်းသိမ်းခံထားရတဲ့သူတွေကို ပြန်လွှတ်ပေးခဲ့တာဖြစ်ပါတယ်။

မကြာမှီကျင်းပတော့မယ့် ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် အဓိကထားဆောင်ရွက်တာ ဖြစ်ပြီး ပြည်သူများပူးပေါင်းလာနိုင်မှုကို ဦးတည်တာဖြစ်တယ်လို့ လည်းဆိုထားပါတယ်။ 

ရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့်ရှိတဲ့  ပြည်သူ့အားလုံး လွတ်လပ်မျှတစွာ မဲပေးနိုင်ရေးအတွက် ကြားနာစစ်ဆေးစဲ အမှုများကို ပိတ်သိမ်းခဲ့တယ်လို့ သိရပါတယ်။

ဓာတ်ပုံသတင်းထောက် တက္ကသိုလ်ကျောင်းသားသမဂ္ဂ (တကသ) ကိုဖိုးသား(ခ) ကိုဇော်လင်းထွဋ် အပါ အဝင် နိုင်သားအကျဉ်းသားတစ်ချို့လွှတ်မြောက်ခဲ့တယ်လို့သိရပါတယ်။

သူတို့တွေဟာ ၂၀၂၄ ခုနှစ် စက်တင်ဘာ ၁၉ ရက်နေ့က “ စစ်မှုထမ်းဥပဒေ အလိုမရှိ” ဆန္ဒပြပွဲအပြီး ဖမ်းဆီးခံခဲ့ရပြီးနောက်စစ်ကြောရေးသို့ပို့ကာ ပုဒ်မ ၅၀၅ ဖြင့် တရားစွဲဆိုခံခဲ့ရတာလည်းဖြစ်ပါတယ်။

ဒါ့ပြင် ပုဒ်မ ၅၀၅ (က) နဲ့တရားစွဲဆိုခံရပြီး ထွက်ပြေးတိမ်းရှောင်နေသူတွေကိုပါ အမှုပိတ်သိမ်းလိုက်ကြောင်း ကြေညာတာဖြစ်ပါတယ်။ 

အမေရိကန်နိုင်ငံမှာ ပုဒ်မ ၅၀၅ (က)အပါအဝင် တခြားသော နိုင်ငံရေးပုဒ်မတွေနဲ့  ရောက်ရှိခိုလှုံနေသူ လေးထောင်ဝန်းကျင်ဟာ TPS ဖြင့် နေထိုင်နေရပြီး  အဲ့ဒီ TPS ကိုလည်း သမ္မတထရမ့်က ပိတ်သိမ်းလိုက်တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *