ဇူလိုင် ၁၈ ၊
ရှမ်းနီလူငယ်များ နှင့် မန္တေလးတပ်ပေါင်းစု သပိတ်စစ်ကြောင်းက စစ်အာဏာရှင်စနစ်ကို မြေတောင် မြောက်ပေးနေသည့် တရုတ်ကို ယနေ့ ဇူလိုင်လ ၁၈ ရက်နေ့တွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
” ရှမ်းနီဒေသမှာအရင်တည်းက အာဏာရှင် တွေရဲ့ ဖိနိပ်မှုကို ရှမ်းနီတိုင်းသားတွေ နှစ်ပေါင်းများစွာခံစားခဲ့ရတာအာဏာရှင် စနစ်ကို မြေတောင်မြောက်ထောက်ပံ့နေတာဟာလည်းChina ဖြစ်တယ် အဲ့သလိုဝေဒနာတွေ အားလုံးကိုသူတို့ တာဝန်ယူမှုမရှိဘူး ၊ ပြီးတော့ အခု Covid ကို ကမ္ဘာကိုရော မြန်မာမှာပါ ဖြန့်နေတာလည်း တရုတ်ပဲ” ဟု ပါဝင်သည့် ရှမ်းနီလူငယ်တစ်ဦးက ပြောသည်။ ချီတက်ဆန္ဒထုတ်ဖော်မှုအပြင် တရုတ်နိုင်ငံအလံကိုလည်း မီးရှို့ခဲ့ကြသည်။
စစ်အာဏာသိမ်းမှုကို ဆန္ဒထုတ်ဖော်သည့်သူများကို ပစ်ခတ်ဖြိုခွင်းရာ ရှမ်းနီတိုင်းရင်းသားတချို့သေဆုံးမှုရှိခဲ့ပြီး ဖမ်းဆီးခံရသူများစွာ နှင့် ဖမ်းဝရမ်းထုတ်ခံထားရသူများလည်း ရှိသည်။
တရုတ်နိုင်ငံမှ စတင်ခဲ့သည့် Covid 19 ရောဂါသည် မြန်မာနိုင်ငံတွင် တတိယလှိုင်းသို့ရောက်ရှိလာခဲ့ပြီး ပြည်မတွင်သာမက ရှမ်းနီဒေသမြို့များတွင်လည်း ထိန်းချုပ်နိုင်ရန် ကြိုးစားနေကြရဆဲဖြစ်သည်။