


မေ ၇ ၊ India Today
“ဆင်တူးစင်ဆင်ရေး”အဖြစ် အိန္ဒိယက ပါကစ္စတန်နိုင်ငံအတွင်းနဲ့ ပါကစ္စတန်ပိုင် ကဒ်မီးယားဒေသအတွင်းကို ဒီနေ့မေလ (၇)ရက်နေ့အစောပိုင်းမှာပဲ ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ အိန္ဒိယသတင်းတွေက ရေးသားပါတယ်။
ဒီစစ်ဆင်ရေးဟာ ပါကစ္စတန်နိုင်ငံမှာရှိတဲ့ အကြမ်းဖက်သူတွေရဲ့ အဆောက်အဦးတွေကို အဓိကထား တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနက ပြောဆိုပါတယ်။
“ ပါကစ္စတန် စစ်ဘက်ဆိုင်ရာ အဆောက်အအုံများကို ပစ်မှတ်ထားခြင်း မရှိသေးပါဘူး။ အိန္ဒိယသည် ပစ်မှတ်ရွေးချယ်မှုနဲ့ နှိမ်နင်းမှုတွေအတွက်သေသေချာချာပြင်ဆင်ပြီးလုပ်ဆောင်တာပါ ” လို့ ကာကွယ်ရေးဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့ ဒေသစံတော်ချိန် နံနက် ၀၁း၄၅ နာရီမှာ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
ပါကစ္စတတန်ဘက်ကလည်း ဒီနေ့မနက်မှာပဲ အိန္ဒိယနိုင်ငံရဲ့ လေယာဉ်ငါးစီးကို ပစ်ချနိုင်ခဲ့တယ်လို့ ရိုက်တာသတင်းတစ်ရပ်မှာပြောဆိုထားပါတယ်။
ရာဖဲတိုက်လေယာဉ် ၃ စီး၊ SU-30 တစ်စင်း ၊ MiG-29 တစ်စီး နဲ့ ဒရုန်းတစ်စီးကို ပစ်ချခဲ့တာလို့ပြောဆိုလာပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၂၂ ရက်နေ့မှာ ကဒ်မီးယားဒေသမှာ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ခရီးသွား ၂၆ ဦးသေဆုံးမှုနဲ့ပတ်သက်ပြီး အိန္ဒိယ နဲ့ ပါကစ္စတန်တို့ကြား တင်းမာမှုတွေဖြစ်ပွားနေတာ ရက်သတ္တနှစ်ပတ်ကျော်မှာ တိုက်ခိုက်မှုတွေစတင်ခဲ့တာလည်းဖြစ်ပါတယ်။