ဖေဖော်ဝါရီ ၂၁ ၊ ဆင်ဘို
မြစ်ကြီးနားမြို့နယ် ဆင်ဘိုမြို့ပေါ်မှာ ယမန်နေ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့က တစ်နာရီခန့်ကြာအောင် ပစ်ခတ်မှုတွေ ရှိခဲ့တယ်လို့ ဒေသခံစစ်ရှောင်များရဲ့ ပြောဆိုမှုအရ သိရပါတယ်။
“ ၉ နာရီကနေ ၁၀ နာရီလောက်မှာ လက်နက်ကလေးသံတွေကော လက်နက်ကြီးကော တော်တော်လေးကို ကြားရတယ်။ သဲကြီးမဲကြီး နင်လား ငါလားလည်း မတိုက်ဘူးလေ။ ရွာထဲမှာ လာနေပြီးတော့မှ ဘာစောင့်နေသလဲ မသိတတ်တော့ဘူး။ ၁၀ ရက်တောင် ကျော်သွားပြီ” လို့ စစ်ရှောင်တစ်ဦးက ပြောပါတယ်။
ဆင်ဘိုမြို့ကို KIA + PDF ပူးပေါင်းတပ်တွေက ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ဆင်ဘိုမြို့အတွင်း တပ်စွဲသိမ်းပိုက်ထားတာ ၁၀ ရက်ကျော်ရှိနေပြီလည်းဖြစ်ပါတယ်။
ထိုတပ်စွဲထားတဲ့အတွက် ဒေသခံတွေက အိမ်စောင့်လောက်သာ ထားရှိပြီး စစ်ရှောင်နေရဆဲလို့ သိရှိရပါတယ်။
“ ရွာသားတွေလည်း ရှိပါတယ်။ ရှိပေမယ့်လည်း နည်းနည်း(နဲနဲ)လေးပဲ ရှိတော့တယ်။ ရွာပျက်ကြီးကို ကျလို့။ အိမ်စောင့်ပဲ ရှိတော့တယ်။” လို့ စစ်ရှောင်တစ်ဦးက ပြောပါတယ်။
နှစ်ဖက်တိုက်ပွဲကြောင့် တောတောင်တွေထဲ ရှောင်တိမ်းနေရပြီး စစ်ရှောင်ကာလ ကြာရှည်လာသည့်အတွက် အိမ်ပြန်ကြသူတွေလည်း ရှိတယ်လို ဆိုပါတယ်။
ဆင်ဘိုမြို့အတွင်းက စာသင်ကျောင်းနှင့် ရဲစခန်း အနီးဝန်းကျင်က မိသားစုတွေက ဖေဖော်ဝါရီလ ၁၀ ရက်နေ့ကတည်းက ရှောင်တိမ်းခဲ့ရပြီး အဆိုပါ ဝန်းကျင်နဲ့ ဝေးသည့် မိသားစုတွေကတော့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ ရှောင်းတိမ်းခဲ့ရတယ်လို့ ဆိုပါတယ်။
ဆက်စပ်သတင်းများကို ဖတ်ရှူရန်