ဆိပ်မူကျေးရွာတာဘောင်မှာ  ပန်းခြံနဲ့ အားကစားကွင်းကို  စတင်လုပ်ဆောင်မှာဖြစ်သောကြောင့် နေထိုင်နေသူတွေ တစ်ပတ်အတွင်းဖယ်ရှားရမယ်လို့ဆို 

ဇန်နဝါရီ ၂၂ ၊ ဖားကန့် 

ဖားကန့်မြို့နယ်  ဆိပ်မူကျေးရွာတာဘောင်စိမ်းလန်းစိုပြေရေးမြေရာမှာ  ပန်းခြံနဲ့ အားကစားကွင်းကို ယခုဇန်နဝါရီအတွင်း စတင်တည်ဆောက်မှာဖြစ်တာကြောင့်   တာပေါင်ပေါ်နေထိုင်သူတွေ  တစ်ပတ်အတွင်းပြောင်းပေးရမယ်လို့  ဆိပ်မူကျေးရွာ တိုင်းရင်းသားပေါင်းစုံရပ်ရွာသာယာရေးကော်မတီကနေ သိရပါတယ်။ 

ကျနော်တို့က ဒီလမကုန်ကိုအမြန်ဆုံးအကောင်ထည်ဖော်ဖို့စဉ်းစားထားတယ်။ အခုက ကျနော်တို့ အစည်းဝေက နှစ်ခါလောက်လုပ်ပြီးပြီ။ ဆိုတဲ့ခါကျတော့ အစည်းဝေကို ၁၇ ရက်နေ့က တစ်ခေါက်ရယ် ၂၀ ရက်နေ့တုန်းက တစ်ခေါက်ရယ် ကျနော်တို့အစည်းဝေလုပ်တယ်။” လို့ ကော်မတီဝင်တစ်ဦးက ပြောပြပါတယ်။

အဲ့ဒီနေရာမှာ နေထိုင်ကြတဲ့သူတွေကို  တစ်ပါတ်အတွင်းဖယ်ရှာပေးဖို့  ဇန်နဝါရီလ ၁၇ ရက်နေ့မှာ အသိပေးစာတစ်စောင်ကို ဆိပ်မူကျေးရွာ  တိုင်းရင်းသားပေါင်းစုံရပ်ရွာသာယာရေးကော်မတီက ထုတ်ပြန်ထားပါတယ်။

ဇန်နဝါရီလ ၂၅ရက်နေ့နောက်ဆုံးထားရွေ့ပေးဖို့ ပြောဆိုညှိနှိုင်းမှုတွေရှိပြီး  ဖယ်ရှားမပေးရင်သက်ဆိုင်ရာကနေဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း ကော်မတီဆီကနေ  သိရပါတယ်။

လက်ရှိတာဘောင်ပေါ်မှာ  သစ်( ပျဉ်)ဆိုင်တစ်နေရာနဲ့  မူးယစ်ဆေးသုံးစွဲသူတွေသာနေထိုင်ပြီး မိသားစုနဲ့ နေထိုင်သူတွေမရှိဘူးလို့လည်း သိရပါတယ်။ 

ပန်းခြံနဲ့ အားကစားကွင်းတည်ဆောက်ဖို့အတွက် ဇန်နဝါရီလ (၂၀) ရက်နေ့မှာ တိုင်းတာမှုတွေပြုလုပ်ခဲ့ပြီး မှော်စီဇာချောင်းကနေ ဝှေခါတံတားအထိ ၁၃၃၈ ပေ အရှည်ရှိတယ်လို့သိရပါတယ်။ 

အဆိုပါကော်မတီကို တိုင်းရင်းသာားပေါင်းစုံ၊ ရပ်မိရပ်ဖတွေနဲ့ လူမှုကူညီရေးအသင်းအဖွဲ့တွေ ပါဝင်ဖွဲ့စည်းထားတယ်လို့လည်းသိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *