ဆိပ်မူကျေးရွာတွင်းတိုက်ပွဲကြောင့်အရပ်သားတစ်ဦးသေဆုံးကာနေအိမ်တစ်လုံးမီးလောင်ပျက်စီးခဲ့

 

အောက်တိုဘာ ၄ ၊​ ဖားကန့် 

ဖားကန့်မြို့နယ် ၊ ဆိပ်မူကျေးရွာအတွင်းတွင် KIA + PDF ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့မှုကြောင့်  ကျေးရွာတွင်းရှိ နေအိမ်တစ်လုံးပေါ်ကို လက်နက်ကြီးကျပြီး မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ 

  မနေ့က စက်တင်ဘာလ(၃)ရက်နေ့ နေ့လည်(၁၂)နာရီဝန်းကျင်မှ စတင်ကာ ညဦးပိုင်းထိ ဆိပ်မူ ရပ်ကွက်(၁)အတွင်းတွင် နှစ်ဖက်အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ပြင်းထန်ခဲ့တာလည်း ဖြစ်ပါတယ်။ 

  တိုက်ပွဲကြောင့် လက်နက်ကြီးကျရောက်ပြီး Jade Angel ဆိုင်နှင့် ရှင်းရှင်းအရုပ်ဆိုင်ဘေးရှိ  နေအိမ်တစ်လုံး မီးလောင်ပြာကျခဲ့တာဖြစ်သည်ဟု ဒေသခံများထံမှ သိရပါတယ်။ 

  “ နေ့လည်ကနေတိုက်ပွဲစဖြစ်တာလေဆိပ်မူက KTV မှာဧည့်သည်တွေရောက်နေလို့စစ်တပ်ကဝင်စီးတာတဲ့နှစ်ဖက်အပြန်အလှန်ပစ်ကြတာလက်နက်ကြီးတွေကောလက်နက်သေးတွေကော  အရပ်ဝတ်တွေနဲ့ပဲတဲ့ပစ်ကြတာရုပ်ရှင်ရိုက်နေသလို့ပါ့ဟုဆိပ်မူကျေးရွာသားတစ်ဦးကရှမ်းနီအသံကိုပြောပြပါတယ်။

  အဆိုပါKTV အတွင်းရှိ ဝန်ထမ်းများကို စစ်တပ်မှ ဖမ်းဆီးခေါ်ဆောင်သွားပြီး KTVအတွင်း ထိခိုက်ပျက်စီးမှုများလည်း အများအပြားရှိခဲ့ကြောင်း သိရပါတယ်​။

ဒါ့အပြင်် နှစ်ဖက်တိုက်ပွဲအတွင်း အရပ်သားတစ်ဦး ကျောက်ဝိုင်းမှကားဖြင့် အပြန် ဝမ်းဗိုက်တွင် ကျည်ဆန်ထိမှန်ပြီး ဆေးကုသခွင့်မရရှိခြင်းကြောင့် သေဆုံးခဲ့တယ်လို့ သေဆုံးသူနှင့် နီးစပ်သူထံကနေသိရပါတယ်။ 

မနေ့ကတစ်လျှောက်လုံးတိုက်ပွဲ ဖြစ်နေတာ ဖားကန့်တစ်ခုပဲလွတ်တာ ဆိုင်းတောင်လည်း ဖြစ်တယ် လုံးခင်းလည်းဖြစ်နေတာ” ဟု လုံးခင်းကျေးရွာသားတစ်ဦးက ပြောပြပါတယ်။

အောက်တိုဘာလ ၄ ရက်နေ့ မနက်ပိုင်းမှာလည်း ဆိပ်မူကျေးရွာအတွင်း စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးဝင်ရောက်လာမှုတွေရှိခဲ့ပြီး စာသင်ကျောင်း၊ စျေးဆိုင်အများအပြားလည်း ပိတ်နေရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ 

ဆိပ်မူကျေးရွာအတွင်းမှာ  ပြီးခဲ့တဲ့လက KIA+PDF ပူးပေါင်းတပ်နှင့် စစ်ကောင်စီတို့ကြား ထိတွေ့ပစ်ခတ်မှု လေးကြိမ်ထက်မနည်းရှိခဲ့တာလည်းဖြစ်ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *