စက်တင်ဘာ ၄ ၊ ဖားကန့်
ဖားကန့်မြို့နယ်၊ဆိပ်မူကျေးရွာ ၊ မှော်ရှန်ရပ်ကွက်၊ သင်္ခါလူမူကူညီရေးရုံးအနီးရှိ ထရန်စဖော်မာအိုးပေါ်တွင် မီးကြိုးခိုးယူရန်ကြိုးစားခဲ့သော အမျိုးသားတစ်ဦး ဓာတ်လိုက်ကာ သေဆုံးနေသည်ကို ဒေသခံများက စက်တင်ဘာလ (၃)ရက်နေ့ မနက်(၆)နာရီအချိန်တွင် တွေ့ရှိခဲ့ကြသည်ဟု သိရပါတယ်။
“ သူ့လိုမျိုးကြီး Tramsformer ပေါ်တက်ခိုးတာတော့ သူပထမဆုံးပဲ ပျောက်တယ်အောက်ကမီးကြိုးခိုးတာတွေဘာတွေတော့ အမြဲတမ်းပျောက်တယ်လေ ဒါပေမယ့် သူ့လိုကြီးဖြစ်တာတော့ ပထမဦးဆုံးပေါ့’ ဟု ဆိပ်မူဒေသခံတစ်ဦးက ပြောပြပါတယ်။
ဓာတ်လိုက်သေဆုံးသွားသူက အသက်(၃၀)ဝန်းကျင်ခန့်ရှိ မူးယစ်ဆေးသုံးစွဲသူတစ်ဦးဖြစ်သည်ဟုသာ ပြောဆိုနိုင်ကြပြီး မည်သူမည်ဝါဖြစ်ကြောင်းကိုတော့ ကျေးရွာတွင်းနေထိုင်သူများက မသိရှိကြဘူးဟု ဆိုပါတယ်။
ဆိပ်မူကျေးရွာမှာ ယခုရက်ပိုင်းအတွင်းတွင် လျှပ်စစ်မီးကို အချိန်မှန်ရရှိနေတာဖြစ်ပြီး အဆိုပါဓာတ်လိုက်သေဆုံးသွားသူက လျှပ်စစ်ရရှိနေမှုကို မသိရှိတာကြောင့် မီးကြိုးတက်ရောက်ခိုးယူတာ ဖြစ်နိုင်သည်ဟု ဒေသခံတစ်ချို့၏ ပြောဆိုမှုများအရ သိရပါတယ်။
၎င်းကို သင်္ခါလူမှုကူညီရေးအသင်းမှ ဖားကန့်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး မီးကြိုးခိုးယူမှုတွေဟာ မကြာခနဖြစ်ပွားလေ့ရှိပေမယ့် ဓာတ်လိုက်သေဆုံးမှုဖြစ်စဉ်ဟာ ယခုအကြိမ်က ပထမဆုံးအကြိမ်ဖြစ်သည်ဟုလည်း သိရပါတယ်။