တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းကို NUG ကတရားမဝင်လို့ထုတ်ပြန်ကြေညာ 

ဇူလိုင်၁၇ရန်ကုန် 

၂၀၂၁-၂၀၂၂ ခုနှစ်ပညာသင်နှစ်မှာ စစ်ကောင်စီကျင်းပခဲ့တဲ့ တက္ကသိုလ််ဝင်တန်း အောင်စာရင်းကို NUG က တရားမဝင်ဘူးလို့ ဇူလိုင်လ (၁၇) ရက်နေ့မှာ ကြေညာပါတယ်။ 

NUG အနေနဲ့ စစ်ကောင်စီက ပညာရေးကို အသုံးချပြီး အတန်းတင်စာမေးပွဲ၊ သင်ယူပြီးမြောက်ကြောင်းလက်မှတ်ထုတ်ပေးတာ၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်တာတွေကို တရားမဝင်ဘူးလို့ အကြိမ်ကြိမ်အခါခါ ကြေညာခဲ့ပြီးဖြစ်တယ်လို့ဆိုပါတယ်။ 

သူတို့အနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပညာရေးစနစ်မှာ ဖက်ဒရယ်ယူနစ် ကိုယ်စားပြုတဲ့ လူမျိုးနဲ့ ဒေသအခြေပြု အဖွဲ့အစည်းတွေ၊  ကောင်စီတွေရဲ့ ပညာရေးအဖွဲ့တွေနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တက္ကသိုလ် တွေကို သာ အသိအမှတ်ပြု တရားဝင်ကြောင်း ကြေညာပါတယ်။ 

စစ်ကောင်စီကဇွန်လ (၁၇) ရက်နေ့မှာ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကို ကြေညာခဲ့ပါတယ်။ 

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဖြေဆိုသူ နှစ်သိန်းရှစ်သောင်းကျော်ထဲက တစ်သိန်းသုံးသောင်းကျော် အောင်မြင်ပြီး ၊ အောင်ချက်အနေနဲ့ ၄၆ ရာခိုင်နှုန်းကျော်ရှိတယ်လို့  စစ်ကောင်စီ ပညာရေးဌာနက ကြေညာပါတယ်။ 

ကိုဗစ်ကာလနဲ့ အာဏာမသိမ်းမှီက တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဖြေဆိုသူ တစ်သန်းနီးပါးရှိခဲ့တာလည်းဖြစ်ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *