စက်တင်ဘာ ၂၈ ၊ ရန်ကုန်
ဗဟိုဘဏ်က စက်တင်ဘာလ တစ်လအတွင်း ငွေလဲနှုန်း တစ်ဒေါ်လာ ၁၇၅၀ ကျော်ဖြင့် (၆၃) သန်းထိရောင်းချခဲ့သော်လည်း ဒေါ်လာစျေးတက်မြဲတက်လာခဲ့သည်။
စက်တင်ဘာလ ၂၇ ရက်နေ့က တစ်ဒေါ်လာ ၂၂၀၀ ကျပ်ကျော်သာ စျေးကွက်အတွင်းတွင် ရောင်းဝယ်ခဲ့ကြသော်လည်း ယနေ့တွင် ၂၇၀၀ ကျပ်အထိ စျေးနှုန်းမြင့်တက်လာခဲ့ကြောင်းသိရသည်။
ရွှေစျေးသည်လည်း စက်တင်ဘာလ (၂၇) ရက်နေ့တွင် သိန်း ၂၀ ဝန်းကျင်သာရှိခဲ့ပြီး ယနေ့တွင် တစ်ကျပ်သားလျှင် ၂၂ သိန်းကျော်အထိ ရောက်ရှိလာခဲ့သည်။
“ အခုက လုံးဝအလုံးစုံပျက်သုံးဖို့သွားနေသလိုပဲ ၊ နောက်ဆို တစ်ဒေါ်လာ ၅ ထောင်ထိရောက်မလားပဲပါ့ ၊ အခုက ဆီစျေးတွေလည်းအကုန်တက်တယ်” ဟု ရွှေမျှောလုပ်ကိုင်နေသူ တစ်ဦးကဆိုသည်။
ဒေါ်လာစျေးမြင့်တက်လာမှုနှင့်အတူ စက်သုံးဆီ ၊ အခြေခံစားသောက်ကုန်များလည်း စျေးနှုန်းမြင့်တက်လာခဲ့ကြောင်းသိရသည်။
စစ်ကောင်စီအာဏာသိမ်းပြီးသည့်အချိန်မှစပြီး စီးပွားရေးကျဆင်းလာကာ ယခုနှစ် GDP သည် -၁၈.၄ အထိ ကျဆင်းနေကြောင်း အာရှဖွံ့ဖြိုးရေးဘဏ်ကလည်း ထုတ်ပြန်ထားသည်။