ဒီဇင်ဘာ၆၊တမူး
စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ်မှာ အမျိုးသမီးတစ်ဦးသတ်ဖြတ်ခံရမှုဖြစ်စဉ်နဲ့ ပတ်သတ်ပြီး NUG က စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေပြီး ကျူးလွန်သူကို အရေးယူသွားမယ်လို့ ဒီဇင်ဘာ ၅ ရက်နေ့မှာ ထုတ်ပြန်လာပါတယ်။
တမူးဖြစ်စဉ်ဟာ NUG က ချမှတ်ထားတဲ့ စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်တွေနဲ့ ဆန့်ကျင်သွေဖယ်နေပြီး လုံးဝလက်မခံနိုင်တဲ့ ကိစ္စရပ်ဖြစ်တာကြောင့် ဖြစ်စဉ်နဲ့ ပတ်သက်တဲ့ ကွင်းဆင်တွေကိုလည်း စုံစမ်းဖော်ထုတ်ပြီး ကျူးလွန်သူ ဘယ်သူကိုမဆို ဥပဒေနဲ့အညီ အရေးယူသွားမယ်လို့ ဆိုပါတယ်။
ပြည်သူ့ခုခံတွန်းလှန်စစ်ဆင်နွဲရာမှာ PDF တွေဟာ စစ်ဘက်ဆိုင်ရာဥပဒေ ၊ စစ်ရေးညွန်ကြားချက်နဲ့အညီသာ စီမံဆောင်ရွက်ကြရမှာဖြစ်တယ်လို့လည်းဆိုထားပါတယ်။
တမူးဖြစ်စဉ်လိုမျိုးကို နိုင်ငံတော်ရဲ့ ဘယ်နေရာမှာမဆို ထပ်မံဖြစ်ပွားမှုမရှိစေဖို့နဲ့ တာဝန်ယူမှု တာဝန်ခံမှုအပြည့်နဲ့ ကွက်ကဲကြပ်မတ်ဆောင်ရွက်သွားမယ်လို့လည်း ထည့်သွင်းထုတ်ပြန်ထားပါတယ်။
တော်လှန်တိုက်ပွဲဝင်နေတဲ့သူတွေအနေနဲ့ စစ်အုပ်စုတပ်ဖွဲ့ဝင်တွေလို အသိတရားမဲ့ တရားလက်လွတ်ပြုကျင့်သူတွေမဖြစ်စေဖို့ တော်လှန်ရေးရဲဘော်တွေအနေနဲ့ ဂရုပြုကြဖို့လိုအပ်တယ်လို့လည်းဆိုထားပါတယ်။
သတ်ဖြတ်ခံရသူ အမျိုးသမီးဟာ ၂၄ နှစ် မအေးမာထွန်းဖြစ်ပြီး တမူးမြို့နေသူဖြစ်ကြောင်းနဲ့ လက်ရှိမှာ သူ့ အဖွား နှင့် သားငယ် နှစ်ဦး သမီး ၁ ဦး တို့လည်းကျန်ကျစ်ခဲ့တယ်လို့သိရပါတယ်။
သတ်ဖြတ်ခံရတဲ့ ဗွီဒီယိုဖိုင်နဲ့ ပတ်သက်လို့ အမျိုးသမီးအား သတ်ဖြတ်ခဲ့တဲ့ အဖွဲ့ဟာ တမူး ဒေသကာကွယ်ရေးအဖွဲ့တွေဖြစ်တယ်လို့ စစ်တပ်ထောက်ခံသည့် လူမှု ကွန်ယက်အသိုင်းအဝိုင်းများတွင် ရေးသားနေကြသည်ကို တွေ့ရှိရပေမယ့် PDF တွေဘက်ကိုဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားပေးခြင်းမရှိသေးပါဘူး။