အောက်တိုဘာ ၁၉ ၊ နေပြည်တော်
အွန်လိုင်းငွေလိမ်လည်မှုတွေမှာ ပါဝင်ပတ်သက်နေတယ်လို့ တရုတ်ပြည်သူ့လုံခြုံရေးဌာနက ဖမ်းဝရမ်းထုတ်ထားတဲ့ “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)ရဲ့ အရာရှိနှစ်ဦးကို စစ်ကောင်စီက ဖမ်းဝမ်းဆင့်ထုတ်စာတစ်စောင်ကို အောက်တိုဘာလ ၁၇ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်ခရိုင်တရားရုံးက UWSA ရဲ့ ဆောက်လုပ်ရေးဌာနကြီးမှူး ပေါက်အိုက်ပန်း နှင့် မိုင်းလင်းခရိုင်မှူး အိုက်ဟော် တို့နှစ်ဦးကို ဖမ်းဝရမ်းထုတ်ဆင့်တာလို့ သိရပါတယ်။
သူတို့နှစ်ဦးဟာ အွန်လိုင်းလိမ်လည်မှု၊ လူများကိုသွေးဆေင်ခွဲခေါ်မှု၊ ပြန်ပေးဆွဲမှု၊ ခြောက်လှန့်တောင်းယူမှုတွေကျူးလွန်တာနဲ့ ကျူးလွန်မှုကို အားပေးကူညီတာလို့ စစ်ကောင်စီက ထုတ်ပြောဆိုထားပါတယ်။
ဖမ်းဝရမ်းထုတ်ဆင့်ခံထားရသူနှစ်ဦးဟာလည်း ၎င်းတို့ရဲ့မိခင်အဖွဲ့အစည်းကလည်း အောက်တိုဘာလ ၁၄ ရက်နေ့မှာ ရာထူးကနေ ထုတ်ပယ်ကြောင်း ကြေညာထားတာလည်းဖြစ်ပါတယ်။
အွန်လိုင်းငွေလိမ်လည်မှုတွေ အလေးပေးအရေးယူဆောင်ရွက်မှုတွေ ပြုလုပ်လာတဲ့ တရုတ်အစိုးရဘက်ကလဲ တရုတ်နယ်စပ်တလျှောက် အွန်လိုင်းငွေလိမ်မှုလုပ်ငန်းတွေကို သက်ဆိုင်ရာ အာဏာပိုင်တွေချင်း ပူးပေါင်းအရေးယူတင်းကြပ်ဆောင်ရွက်လာတာလဲ ဖြစ်ပါတယ်။
UWSA က စက်တင်ဘာလ နှင့် အောက်တိုဘာလအတွင်းမှာ အွန်လိုင်းလိမ်လည်မှုနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံသူ/သား ငါးထောင်ကျော်ကို လွဲပြောင်းပေးခဲ့တာလည်းဖြစ်ပါတယ်။