တရုတ်နိုင်ငံက စစ်ကောင်စီအတွက် လေကြောင်းတိုက်ခိုက်နိုင်ရေး အဓိကကူညီပံ့ပိုးပေးနေတယ်လို့ SAC-M က ထုတ်ဖော် 

ဇူလိုင် ၁၈ ၊ နေပြည်တော် 

စစ်ကောင်စီအတွက် လေကြောင်းတိုက်ခိုက်နိုင်ရေး လိုအပ်တဲ့ ဗုံးတွေကို တရုတ်နိုင်ငံက အဓိကကူညီပံ့ပိုးပေးနေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး ကောင်စီ SAC-M က ဒီနေ့မှာ ထုတ်ပြန်လာပါတယ်။

သေမင်းစက်ရုံ- Factory of Death- မြန်မာစစ်တပ်၏ လေကြောင်း ဗုံးများ ထုတ်လုပ်ခြင်းအတွက် တရုတ်နိုင်ငံ၏ ပံ့ပိုးကူညီမှု” ဆိုတဲ့ အစီရင်ခံစာတစ်ရပ်ကိုလည်းထုတ်ပြန်ခဲ့ပါတယ်။ 

တရုတ်အစိုးရပိုင် လက်နက်ကုမ္ပဏီ China South Industries Group Corporation (China South) က  မည်ကဲ့သို့ ပံ့ပိုးကူညီမှုအား အသေးစိတ်ဖော်ပြထားတာလည်းဖြစ်ပါတယ်။ 

 “China South သည် အစိုးရပိုင် ကုမ္ပဏီတစ်ခုဖြစ်ပြီး၊ ၎င်းဟာ တရုတ်အစိုးရအတွက် အဖြေဖြစ်သည်” ဟု SAC-M မှ Yanghee Lee က ပြောပါတယ်။ 

 “ OCDI ကို လေကြောင်း ဗုံးတွေနဲ့ နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးမှုတွေ ပံ့ပိုးပေးခြင်းအားဖြင့်  အရပ်သားတွေအပေါ် စစ်အစိုးရရဲ့ ဆိုးရွားတဲ့ ချိုးဖောက်မှုတွေဖြစ်ပါတယ်။  တရုတ်က မြန်မာ စစ်လက်နက် ထုတ်လုပ်ရေး အတွက် ပံ့ပိုးမှု အားလုံးကို ချက်ချင်း ရပ်ဆိုင်းရမှာ ဖြစ်ပါတယ်။” လို့သူကပြောပါတယ်။ 

အစီရင်ခံစာထဲမှာ မြန်မာနိုင်ငံအလယ်ပိုင်း ကမကွေးတိုင်းအတွင်းရှိ  လက်နက်ထုတ်လုပ်ရေးစက်ရုံ (ကပစ  ၂၁) မှာ လေကြောင်းတိုက်ခိုက်ရေးအတွက် ဗုံးတွေကို အဓိကထုတ်လုပ်နေတယ်လို့ဆိုပါတယ်။ 

ဒီစက်ရုံမှာ ရည်ရွယ်ချက်အမျိုးမျိုးနဲ့ ထုတ်လုပ်တဲ့ ဗုံးတွေအပြင် ပေါင် ၅၀၀ နဲ့  ပေါင် ၁၀၀၀ ဗုံးတွေကိုလည်းထုတ်လုပ်တယ်လို့  SAC_M က ဆိုပါတယ်။ 

ဆယ်စုနှစ်များစွာအတွင်း မြန်မာစစ်တပ်ဟာ လက်နက်ထုတ်လုပ်မှု ဖူလုံလာစေရန်အတွက် DI စက်ရုံပေါင်း ၂၅ ရုံ ကွန်ရက်ကို တည်ဆောက်ခဲ့ပါတယ်။

မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်တဲ့ MPM Myanmar ရဲ့ စာရင်းတွေအရ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၅ ခုနှစ် နှစ်လယ်အထိ လေကြောင်းတိုက်ခိုက်မှု (၂၃၇၂)မှုအထိ ရှိခဲ့တယ်လို့သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *