တာမခံကျေးရွာရှမ်းနီစာပေနှင့်ယဉ်ကျေးမှုကော်မတီအတွင်းရေးမှူးဖမ်းဆီးခံရ

Photo_ ရှမ်းပြည်နယ် ပင်လုံမြို့တွင်ကျင်းပသည့် ရှမ်းပရပိုက်ဖတ်ပွဲတွင် တွေ့ရသည့် ဦးခင်မောင်ကြည်

မတ် ၁ ၊ တာမခံ 

ဖားကန့်မြို့နယ် တာမခံကျေးရွာ ရှမ်းနီစာပေနှင့်ယဉ်ကျေးမှုကော်မတီ အတွင်းအရေးမှူး ဦးခင်မောင်ကြည်ကို ကချင်လွတ်မြောက်ရေးတပ် KIA က ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ရှမ်းနီစာပေနှင့်ယဉ်ကျေးမှု ကော်မတီထံကနေ သိရပါတယ်။ 

နမ့်နန်းလှိုင်စစ်ရှောင်စခန်းမှာ  စစ်ရှောင်စခန်းကတာမခံခိုမတို့ဘာတို့ဘက်ကအဲ့မှာစစ်ရှောင်သွားရင်အဲ့ဒီမှာလာဖမ်းသွားတယ်။မနေ့ကတစ်နာရီမှာ”  လို့  မြန်မာပြည်မြောက်ပိုင်းရှမ်းမျိုးနွယ်စုရေးရာအဖွဲ့မှအတွင်းရေးမှူးကပြောပါတယ်။ 

  ဦးခင်မောင်ကြည်ဟာ တာမခံကျေးရွာ ဇာတိသားတစ်ဦးဖြစ်ပြီး ရှမ်းနီစာပေနှင့်ယဉ်ကျေးမှုကော်မတီ၊ တာမခံရပ်ရွာအရေးလုပ်ငန်းတွေမှာ ပါဝင်လုပ်ဆောင်နေသူတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။ 

သူ့ဖမ်းဆီးခံရမှုနဲ့ ပတ်သက်ပြီး KIA ဘက်က တစ်စုံတစ်ရာထုတ်ပြန်ပြောဆိုခြင်းမရှိသေးပေ။ 

ဦးခင်မောင်ကြည်ဖမ်းဆီးခံရမှုနှင့်ပတ်သက်ပြီး စစ်ဘေးရှောင်စခန်းတွင် ဖုန်းပြောမှုကြောင့် မသင်္ကာမှုဖြင့် ဖမ်းဆီးသွားတာဖြစ်ကြောင်း ၎င်းနှင့် နီးစပ်သူတစ်ဦးက ရှမ်းနီအသံကိုပြောပါတယ်။ 

သူကစစ်ဘေးရှောင်စခန်းမှာဖုန်းပြောနေတယ်ဆိုလား၊အဲ့တာကိုမသင်္ကာလို့ဆိုပြီးဖမ်းသွားတယ်လို့ကြားတယ်နောက်ဆက်တွဲကမသိရသေးဘူးလို့ဦးခင်မောင်ကြည်နှင့်နီးစပ်သူတစ်ဦးကပြောပါတယ်။ 

သူဖမ်းခံရမှုနှင့်ပတ်သက်ပြီး မြန်မာပြည်မြောက်ပိုင်း ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့က ဖမ်းဆီးမှုကို အမြန်ဆုံးပြတ်လွတ်ပေးဖို့ နှင့် အခုလုပ်ရပ်ကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချတယ်လို့ ဖေဖော်ဝါရီလ ၂၉ ရက်နေ့မှာ သဘောထားကြေညာချက်ထုတ်ပြန်လာပါတယ်။ 

ဦးခင်မောင်ကြည်ဟာ ပျားမွေးမြူရေးလုပ်ငန်း၊ ကျောက်စိမ်းနှင့် ရွှေတူးဖော်ရေးလုပ်ငန်းများ လုပ်ကိုင်နေတစ်ဦးလည်းဖြစ်ကြောင်းသိရပါတယ်။ 

တာမခံကျေးရွာအတွင်းရှိ စစ်ကောင်စီတပ်စခန်းကို KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေက (၆) ရက်ကြာ တိုက်ခိုက်နေတာဖြစ်ပြီး တာမခံကျေးရွာသူ/သားအားလုံး စစ်ဘေးတိမ်းရှောင်နေကြရတာလည်းဖြစ်ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *