တာလီဘန်များ အာဖဂန်နစ္စတန်နိုင်ငံ မြို့တော်ကို ချုပ်ကိုင်လာ

တာလီဘန်များ စွန့်ခွာသွားသည့် သမ္မတအိမ်တော်အတွင်းတည်ရှိနေကြစဉ်

ဩဂုတ် ၁၆ ၊ ကဘူးလ်

ဩဂုတ်လ ၁၅ ရက်နေ့က တာလီဘန်များက အာဖဂန်အစိုးရပြိုလဲသွားပြီးနောက်သမ္မတနှင့်သူ၏နိုင်ငံသူနိုင်ငံသားများနဲ့ နိုင်င်ငံခြားသားများကိုအစုလိုက်အပြုံလိုက်စွန့်ခွာပြီးတော့ အာဖဂန်နစ္စတန်၏မြို့တော်သို့တနင်္ဂနွေနေ့ကဝင်ရောက်တိုက်ခိုက်ခဲ့ကြပါတယ်။

တာလီဘန်တိုက်ခိုက်ရေသမားတွေက လက်နက်ကိုင်အများအပြားနဲ့ မြို့တော် ကဘူးလ်ရှိ စွန့်ခွာသွားတဲ့ သမ္မတအိမ်တော်ကို အများအပြားဝင်ရောက်ခဲ့ကြပါတယ်။

တာလီဘန်ပြောရေးဆိုခွင့်ရှိသူနှင့်ညှိနှိုင်းဆွေးနွေးသူ Suhail Shaheen ကစစ်သွေးကြွများက

“ ပွင့်လင်းတဲ့ ။ အားလုံးပါဝင်သောအစ္စလာမ္မစ်အစိုးရ”

ဖွဲ့စည်းရေးကို ရည်ရွယ်ပြီးတော့ လာမယ့်ရက်တွေအတွင်းဆွေးနွေးပွဲများကျင်းပမယ်လို့ ပြောကြားခဲ့ပါတယ်။ ကဘူးလ်မှာ အထိတ်တလန့်မှုတွေဖြစ်နေခဲ့ပါတယ်။

အမေရိကန်သံရုံးဝန်ထမ်း တွေကို ကယ်ထုတ်ဖို့ ရဟတ်ယာဉ်တွေကလည်း တစ်နေ့လုံးပြေးလွှားနေသလို တခြားမဟာမိတ်နိုင်ငံတွေကလည်း သူတို့ရဲ့ လူတွေကို ကယ်ထုတ်နိုင်ဖို့အတွက် စစ်လေယာဉ်တွေ ကဘူးလ်ကိုရောက်ရှိ အဆင်သင့်အနေအထားနဲ့ရှိနေခဲ့ပါတယ်။

တာလီဘန်တွေက အုပ်ချုပ်တော့မှာကို စိုးရိမ်တာကြောင့် အာဖဂန်ပြည်သူတွေက တိုင်းပြည်ကြ ထွက်ခွာဖို့ အပြေးအလွှားဘဏ်တွေရှေ့မှာ ငွေထုတ်ဖို့ စုပြုံတိုးနေကြပါတဘ်။

တာလီဘန်တွေကငြိမ်းချမ်းတဲ့အသွင်ကူးပြောင်းရေးကာလကိုကတိပေးခဲ့ပေမဲ့အမေရိကန်သံရုံးကစစ်ဆင်ရေးတွေကိုရပ်ဆိုင်းလိုက်ပြီးလေဆိပ်ကိုမသွားဘဲနေဖို့အမေရိကန်တွေကို နေ့နှောင်းပိုင်းမှာသတိပေးခဲ့တယ်။

အမေရိကန် တပ်တွေ အာဖဂန်နစ္စတန်ကနေ ထွက်ခွာသွားပြီး ရက်သတ္တပတ်အနည်းငယ်အတွင်းမှာပဲ တာလီဘန်တွေက သူတို့စွန့်လွတ်ခဲ့ရတဲ့ မြို့တော်ကဘူးလ်ကို ပြန်လည်ရရှိခဲ့တာဖြစ်ပါတယ်။

Ref; AP News

Leave a Reply

Your email address will not be published. Required fields are marked *