တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီသက်တမ်း (၁၃) နှစ်ပြည့်ပြီ 

မေ ၁၀ ၊ မိုးညှင်း 

ရှမ်းနီလူမျိုးများ၏ ပထမဆုံးသော နိုင်ငံရေးပါတီဖြစ်တဲ့ တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP)  ရဲ့ ပါတီသက်တမ်းဟာ ဒီနေ့ မေလ ၁၀ ရက်နေ့မှာ ၁၃ နှစ်ပြည့်ခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။ 

ပါတီရဲ့ ၁၃ နှစ်ပြည့် နှစ်ပတ်လည်နေ့အခမ်းအနားကို ပါတီဌာနချုပ်တည်ရှိရာ မိုးညှင်းမြို့တွင် ကျင်းပပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ 

နှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် ငလျင်ဒဏ်သင့်သူတွေအတွက် ကျပ်သိန်း ၂၀ လှူဒါန်းကူညီခဲ့တယ်လို့ ပါတီနဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။ 

အရပ်သားအစိုးရလက်ထပ် ၂၀၁၃ ခုနှစ် မေလ ၁၀ ရက်နေ့မှာ ပါတီတည်ထောင်ခွင့်ရရှိခဲ့တာဖြစ်ပြီး ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း ၊ မန္တလေးတိုင်းတို့မှာ ရွေးကောက်ပွဲအသီးသီးကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။ 

၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ စစ်ကိုင်းတိုင်းဒေသကြီးအတွက် ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး နဲ့ ဟုမ္မလင်းမြို့နယ် တိုင်းဒေသကြီးလွတ်တော်အမတ် ၁ ဦး ယှဉ်ပြိုင်အနိုင်ရရှိခဲ့ပါတယ်။ 

စစ်ကောင်စီက နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအသစ်မှာလည်း ကျားနီပါတီက မှတ််ပုံပြင်တင်ခဲ့ပြီး ကချင်ပြည်နယ်အခြေစိုက် နိုင်ငံရေးပါတီအဖြစ်သာ ဆက်လက်ရပ်တည်နေတာလည်းဖြစ်ပါတယ်။ 

ကျားနီပါတီရုံးတွေကို  မိုးညှင်း၊ မိုးကောင်း၊ ဝိုင်းမော်၊ မြစ်ကြီးနား နှင့် ဗန်းမော်မြို့တွေမှာဖွင့်လှစ်ထားတာဖြစ်တယ်လို့ သိရပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *