ထရမ့်ရဲ့ ငြိမ်းချမ်းရေးဘုတ်အဖွဲ့ဝင်ဖြစ်ရေး ဒေါ်လာ ၁ ဘီလီယံ ပေးရမည် 

ဇန်နဝါရီ ၁၉ ၊ ဂါဇာ

သမ္မတဒေါ်နယ်ထရမ့် ရဲ့ “​ငြိမ်းချမ်းရေးဘုတ်အဖွဲ့” အဖွဲ့ဝင်တွေဟာ ဂါဇာပြန်လည်တည်ဆောက်ရေးကို ကြီးကြပ်မယ့် ကော်မတီဖြစ်ပြီး အမြဲတမ်းနေရာတစ်ခုရရှိရေးအတွက် ကန်ဒေါ်လာ ၁ ဘီလီယံပေးချေရမယ်လို့  အမေရိကန်အရာရှိတစ်ဦးကပြောပါတယ်။ 

ရရှိသော ရန်ပုံငွေအားလုံးကို ဂါဇာပြန်လည်တည်ဆောက်ရေးအတွက် အသုံးပြုသွားမှာဖြစ်ပြီးတော့ “ “အခြားနိုင်ငံတကာအဖွဲ့အစည်းများစွာကို ဒုက္ခပေးတဲ့ အလွန်အကျွံလစာများနဲ့ကြီးမားသောအုပ်ချုပ်ရေးဆိုင်ရာ ဖောင်းပွမှုများ ရှိမှာမဟုတ်ဘူး” လို့ အဲ့ဒီအရာရှိက ပြောကြောင်း CNN က ရေးသားထားပါတယ်။ 

ဘုတ်အဖွဲ့သို့ ရန်ပုံငွေထည့်ဝင်ရန် မလိုအပ်ပေမယ့်  အမေရိကန်ဒေါ်လာ ၁ ဘီလီယံ မပေးတဲ့ အဖွဲ့ဝင်များဟာ သုံးနှစ်သက်တမ်းသာရှိမယ်လို့ဆိုပါတယ်။ 

ထရမ့် ဦးဆောင်တဲ့ ဘုတ်အဖွဲ့မှာ  ဗြိတိန်ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲယား၊ ကနေဒါဝန်ကြီးချုပ် မာ့ခ်ကာနီနဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုတို့ ပါဝင်မှာဖြစ်ပါတယ်။ 

နိုင်ငံအတော်များများမှ ခေါင်းဆောင်များက ဘုတ်အဖွဲ့မှာ ပါဝင်ရန် ထရမ့်က ဖိတ်ကြားခဲ့ကြောင်း အတည်ပြုခဲ့ပြီး ထရမ့်က “ဖွဲ့စည်းခဲ့ဖူးသမျှတွင် အကြီးကျယ်ဆုံးနှင့် ဂုဏ်သိက္ခာအရှိဆုံး ဘုတ်အဖွဲ့” အဖြစ် ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။ 

အစ္စရေးနှင့် ဟားမတ်စ်တို့အကြား နှစ်နှစ်ကြာ စစ်ပွဲကြောင့် ပျက်စီးခဲ့တဲ့ ဂါဇာကို စစ်ရေးအရ ဖျက်သိမ်းပြီး ပြန်လည်တည်ဆောက်ဖို့ ကုလသမဂ္ဂက ထောက်ခံတဲ့ အမေရိကန်ရဲ့ အစီအစဉ်မှာ  ဒီအဖွဲ့က အဓိက ခြေလှမ်းတစ်ခုလည်းဖြစ်ပါတယ်။ 

အဖွဲ့တွင် ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ရဲ့ ကိုယ်စားလှယ် ပါဝင်ခြင်းမရှိပေ။ 

ထရမ့်ရဲ့ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ သံတမန် Steve Witkoff၊ ဒုတိယအမျိုးသားလုံခြုံရေးအကြံပေး Robert Gabriel နဲ့ သားမက် Jared Kushner တို့လည်း အဖွဲ့ဝင်များဖြစ်ပြီး ဘီလီယံနာ စီးပွားရေးလုပ်ငန်းရှင် Marc Rowan နှင့် ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ Ajay Banga တို့လည်း ပါဝင်ပါတယ်။

Ref; CNN news

Leave a Reply

Your email address will not be published. Required fields are marked *