ထီးချိုင့်မြို့နယ်အတွင်းမှာလေကြောင်းတိုက်ခိုက်မှုတွေပြန်ရှိလာ

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ထီးချိုင့်မြို့နယ်အတွင်းမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေကို ထပ်မံပြုလုပ်မှုတွေရှိလာနေတယ်လို့ ဒေသခံများထံမှ သိရပါတယ်။ 

ထီးချိုင့်မြို့ ကမ်းနီကျေးရွာ ကမ်းနီစျေးနဲ့ ဆေးပေးခန်း တွေကို ဧပြီလ ၂၄ ရက်နေ့မှာ စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်မှုပြုလုပ်ခဲ့မှုကြောင့် အရပ်သား (၇)ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး ၂ ဦး ဒဏ်ရာပြင်းထန်တယ်လို့တယ်လို့ ထီးချိုင့်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပြောဆိုထားပါတယ်။ 

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီကတည်းက မြို့သိမ်းတိုက်ပွဲရပ်တန့်သွားပြီးနောက် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေလည်း ရပ်တန့်ခဲ့တာဖြစ်ပါတယ်။

ဧပြီလ ၂၄ ရက်နေ့ကစပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ လေကြောင်းက တိုက်ခိိုက်ခံရမှုတွေကြောင့်  NUG ရဲ့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က  လေကြောင်းရန်ကာကွယ်ရေး အသိပေးနှိုးဆော်မှုကို ဆက်တိုက်ပြုလုပ်နေတယ်လို့ သိရပါတယ်။

အရပ်သားတွေအနေ နဲ့ ဗုံးခိုကျင်း(ခ) အရေးပေါ်လိုင်းကျင်းတွေတူးထားဖို့ ၊ လေဟာပြင်မှာ လူစုလူဝေးမပြုလုပ်ဖို့ ၊ ကား၊ ဆိုင်ကယ် တွေကို အမိုး၊အရိပ်အောက်မှာ ရပ်ထားဖို့ သတိပေးထားပါတယ်။ 

ထီးချိုင့်မြို့ကို ဒေသကာကွယ်ရေးနဲ့ တိုင်းရင်းသားလက်နက်ကိုင်ပူးပေါင်းတပ်တွေဟာ ၂၀၂၃ နိုဝင်ဘာလမှာ မြို့သိမ်းတိုက်ပွဲစတင်ခဲ့တာဖြစ်ပြီး တိုက်ပွဲ ၃ လကြာမြင့်ပေမယ့် မြို့သိမ်းနိုင်ခြင်းမရှိသေးပဲ အရပ်သားတစ်သောင်းကျော်ဟာ ယနေ့တိုင် စစ်ဘေးတိမ်းရှောင်နေကြရတာလည်းဖြစ်ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *