ဇူလိုင်၁၂၊ဂျာကာတာ
ဒေါ်အောင်ဆန်းစုကြည်ကို ထိုင်းနိုင်ငံခြားရေးဝန်ကြီးဒွန်ပရာမွတ်ဝီနိုင်း တွေ့ဆုံခဲ့တယ်လို့ အာဆီယံအစည်းအဝေးမှာထုတ်ပြောခဲ့ပါတယ်။
ဇူလိုင်လ ၁၁ ရက်နေ့ အင်္ဂါနေ့မှာ စတင်ပြုလုပ်တဲ့ အရှေ့တောင်အာရှနိုင်ငံများ နိုင်ငံခြားဝန်ကြီးများ အစည်းအဝေးမှာ ဒေါ်အောင်ဆန်းစုကြည်နှင့်တွေဆုံခွင့်ရခဲ့တဲ့ကြောင်း တွေ့ဆုံခဲ့ရတဲ့ သဝဏ်လွှာကို ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဖတ်ကြားခဲ့တယ်လို့ ဂျပန်သတင်းဌာနတစ်ခုဖြစ်တဲ့ Kyodo News က ဒီနေ့မှာ ရေးသားခဲ့ပါတယ်။
ဒီလို အကျဉ်းချခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် နှင့်တွေ့ဆုံခဲ့ရမှုဟာ စစ်တပ်အာဏာသိမ်းယူပြီးနောက်ပိုင်း နိုင်ငံခြားသံတမန် အဆင့်မြင့်အရာရှိတစ်ဦးက ပထမဆုံးတွေ့ဆုံမှုရခဲ့တာလည်းဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးခဲ့တဲ့ အချက်အလက်များကိုတော့ သံတမန်တွေဘက်က ထုတ်ဖော်ပြောဆိုခြင်းမရှိပါဘူး။
အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းဝေးကို အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာ မြို့တော်မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး မြန်မာ့အရေးကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြတယ်လို့လဲ သိရပါတယ်။
၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် ချုပ်နှောင်ထားခံရတဲ့ ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံခွင့်ရဖို့အရေး ကုလသမဂ္ဂ၊ အာဆီယံ အပါအဝင် နိုင်ငံအများအပြားလည်း ကြိုးပမ်းခဲ့ဖူးပါတယ်။