ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံခွင့်ပေးမယ်လို့ အာဆီယံအထူးကိုယ်စားလှယ်ကို စစ်ကောင်စီကတိပြု

ဇူလိုင် ၂၂ ၊ နေပြည်တော်

ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံခွင့်ပေးဖို့ အလားအလာကောင်းတွေရှိနေကြောင်း စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကတိပြုခဲ့တယ်လို့  အာဆီယံအထူးကိုယ်စားလှယ် ပရတ်ဆောခွန်းက  ဇူလိုင်လ ၂၁ ရက်နေ့မှာ ပြောကြားတယ်လို့ ကမ္ဘောဒီးယားသတင်းတစ်ခုဖြစ်တဲ့ ပနွမ်းပင်ပိုစ့်မှာ ရေးသားထားပါတယ်။ 

“ကျွန်တို့ လေးစားလိုက်နာရမယ့် ဥပဒေလုပ်ထုံးလုပ်နည်းတချို့ ရှိပါတယ်၊ ဒါပေမယ့် နောင်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့နိုင်မယ်လို့ သူကိုယ်တိုင်က ကတိပေးထားပါတယ်” ဟု  ပရက်ဆောခွန်းက ဆိုပါတယ်။ 

ဇူလိုင်လ ၂၁ ရက်နေ့မှာ ပြုလုပ်တဲ့ အာဆီယံကမြန်မာနိုင်ငံအတွက် ကြိုးစားအားထုတ်မှု  နောက်ဆုံးအခြေအနေ အထူးဆွေးနွေးပွဲမှာ ပြောဆိုခဲ့တာလို့ ရေးသားပါတယ်။ 

ဒီရက်ပိုင်းမှာပဲ အထူးကိုယ်စားလှယ်က မြန်မာနိုင်ငံရဲ့ပဋိပက္ခပြေငြိမ်းရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဩဇာကို အသုံးပြုလိုကြောင်း ထုတ်ဖော်ပြောခဲ့ပါတယ်။ 

အထူးကိုယ်စားလှယ်က လာမယ့် သူ့ရဲ့ တတိယမြောက်မြန်မာပြည်ခရီးစဉ်မှာ ဒေါ်ဆောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရဖို့ကိုလည်း တောင်းဆိုထားပါတယ်။ 

စစ်ကောင်စီဘက်က ဒေါ်အောင်ဆန်းစုကြည်ကို အမှုရင်ဆိုင်နေဆဲဖြစ်တာကြောင့် တွေ့ခွင့်ရမှာမဟုတ်ဘူးလို့ အထူးကိုယ်စားလှယ်ရဲ့ မြန်မာပြည်ခရီးစဉ်နှစ်ကြိမ်စလုံးမှာ ငြင်းဆိုထားခဲ့တာလည်းဖြစ်ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *