ဒေါ်အောင်ဆန်းစုကြည်နဲ့သမ္မတဦးဝင်းမြင့်တို့ကိုပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလို့စစ်ကောင်စီဆို 

ဩဂုတ် ၁ ၊ နေပြည်တော် 

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် နှင့် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို တရားရုံးက ပြစ်မှုစီရင်ရင်ပြီး  ချမှတ်ထားတဲ့ ပြစ်ဒဏ်တချို့ကို လွတ်ငြိမ်းခွင့်ပြုလိုက်တယ်လို့ စစ်ကောင်စီက ဩဂုတ်လ ၁ ရက်နေ့မှာ  ကြေညာပါတယ်။ 

ဒေါ်အောင်ဆန်းစုကြည်ကို တရားရုံးက  ပြစ်ဒဏ်ချမှတ်ထားတဲ့ ရာဇဝတ်ကြီးအမှတ် ၃၅/၂၀၂၁ ၊ ၃၇/၂၀၂၁၊ ၇၁/၂၀၂၃ ၊ ၃၈/၂၀၂၁  နဲ့ ၄၅/၂၀၂၁ တို့အတွက် လွတ်ငြိမ်းသက်သာခွင့်ပြုလိုက်တာလို့ ဆိုပါတယ်။ 

သမ္မတဦးဝင်းမြင့်ကို စ်ဒဏ်ချမှတ်ထားတဲ့ ရာဇဝတ်ကြီးအမှတ် ၃၅/၂၀၂၁၊ ၃၆/၂၀၂၁ တို့အတွက် လွတ်ငြိမ်းသက်သာခွင့်ပြုတယ်လို့ ဆိုပါတယ်။ 

စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို ပုဒ်မအမျိုးမျိုးနဲ့ ထောင်ဒဏ် ၃၃ နှစ်အထိချမှတ်ထားပြီး ဦးဝင်းမြင့်ကို အမှု ၈  မှုအတွက် ထောင်ဒဏ် ၁၂ နှစ်အထိချမှတ်ထားတာလည်းဖြစ်ပါတယ်။ 

ဒါ့အပြင်  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ်တဲ့ SSPP/SSA  နဲ့  တအာင်း-ပလောင်အဖွဲ့ TNLA  ၊ MNDAA တို့မှ ၁၅ ဦးတို့ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့တယ်လို့ သိရပါတယ်။ 

ဩဂုတ်လ ၁ ရက်နေ့မှာ ကျရောက်တဲ့ ဓမ္မာစကြာအခါတော်နေ့ (ဝါဆိုလပြည့်နေ့မှာ) တစ်နိုင်ငံလုံးက အကျည်းသား ၇၇၄၉ ဦးတို့ကို လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့တယ်လို့လည်း စစ်ကောင်စီက ကြေညာထားပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *