ဇွန် ၁၉ ၊ ဟုမ္မလင်း
ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်သည့် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ အထိမ်းအမှတ်အဖြစ် ဟုမ္မလင်းမြို့နယ် နမ့်တောစံပြ ကျေးရွာတွင် ပန်းသပိတ်ကိုပြုလုပ်ပြီး ညီတက်ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့ကြသည်။
သပိတ်စစ်ကြောင်းများကို စစ်ကောင်စီတပ်များက လာရောက်ဖြိုခွဲဖို့ကြိုးစားမှုများလည်း ရှိသည်ဟု ဆိုသည်။
ဟုမ္မလင်းမြို့နယ်တွင် ယခုရက်ပိုင်း NLD ပါတီထောက်ခံသူများနှင့် နွေဦးတော်လှန်ရေးတွင် ပါဝင်ဆန္ဒထုတ်ဖော်ခဲ့သူများကို ဖမ်းဆီးနေမှု ဆက်တိုက်ပြုလုပ်လျှက်ရှိသည်။
ယနေ့ ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံဒေသအနှံ့အပြားက ပန်းသပိတ်ကို တစ်ဦးခြင်း ၊ တစ်ဖွဲ့ခြင်း ပြုလုပ်လျှက်ရှိသည်။
ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်ကောင်စီက ပုဒ်မအမျိုးမျိုးဖြင့် တရားစွဲဆို ဖမ်းဆီးချုပ်နှောင်ထားသည်။