နန့်မွန်းမြို့တောင်ခြေနှင့် နန့်မီးလောင်ကျေးရွာအနီးတွင် စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲခံရ

နန့်မီးလောင်ကျေးရွာကို တွေ့ရစဉ်

မတ် ၃၁ ၊ ဗန်းမောက် 

အင်းတော်ကြီးဒေသ နန့်မွန်းတောင်ခြေနှင့် နန့်မီးလောင်ကျေးရွာတို့တွင် စစ်ကောင်စီယာဉ်တန်းများ မိုင်းဆွဲတိုက်ခိုက်ခံရမှု မတ်လ၃၀ရက်နေ့တွင် ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရပါတယ်။ 

နန့်မွန်းတောင်ခြေ ကျောက်တံတားအနီး  မတ်လ ၃၀ရက်နေ့ (၁၁)နာရီခန့်အချိန်တွင်  စစ်ကောင်စီယာဉ်တန်း မိုင်းဖောက်ခွဲတိုက်ခိုက်ခံရတာဖြစ်ပြီး ဗုံးပေါက်ကွဲမှုကြောင့် စစ်ကောင်စီတပ်သား (၁)ဦး လက်ထိခိုက်ဒဏ်ရာရရှိပြီး (၂)ဦး သေဆုံးသွားကြောင်း ဒေသခံများပြောဆိုမှုရှိနေပေမယ့်  အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။ 

  အသံတော့ကြားလိုက်တယ်မနေ့က၁၁နာရီအချိန်လောက်မှာကြားတာရွာထဲကတွေတော့ကျောက်တံတားနားလို့ပြောကြတယ်ဟိုတစ်ခါဖြစ်တဲ့နေရာနားပဲဗုံးကွဲတာပဲကြားမိတယ်အေ့လိုပစ်ကြခတ်ကြတဲ့အသံတော့မကြားလိုက်ဘူးဗုံးကွဲတယ်မိုင်းဆွဲတယ်အေ့လိုပြောနေကြတာအထိအခိုက်ကတော့ရဲဘော်တစ်ယောက်လက်မှာထိတာရှိတယ်ပြောတယ်တစ်ချို့ကလည်းနှစ်ယောက်သေတယ်တဲ့”  လို့ဒေသခံတစ်ဦးကပြောပါတယ်။ 

အဆိုပါယာဉ်တန်းက နန့်မွန့်မြို့မှ ထွက်ခွာလာခဲ့ပြီးနောက် နေ့လည်(၁)နာရီအချိန်တွင် နန့်မီးလောင်ကျေးရွာ နတ်စင်အကျော်မှာ တစ်ဖန်မိုင်းဆွဲတိုက်ခိုက်ခံရသေးကြောင်း နန့်မီးလောင်ကျေးရွာသားတစ်ဦးက ဆိုပါတယ်။

‘၁နာရီကျော်ကျော်လောက်မှာဖြစ်တာဘယ်လိုဖြစ်လဲဆိုတော့မနေ့ကစစ်ကားလာတယ်လို့ကြားတယ်ဆွဲတာတော့စစ်ကားကိုဆွဲတာပါ့လေသူတို့ကကားကနှစ်စီးသုံးစီးကျော်သွားတယ်တုန်ဖုန်းနဲ့လို့ပြောတာကြီးကိုဆွဲလိုက်တော့အခါကျတော့မထိသွားဘူးတဲ့နန့်မီးလောင်ကနေညောင်ပင်ဘက်ကိုအသွားသုံးစီးလေးစီးလောက်ရှိတယ်ပြောတယ်ကျနော်လယ်ထဲရောက်ရုံပဲရှိသေးတယ်မိုင်းစပေါက်ကွဲတာလေ   အထိအခိုက်ကမရှိဘူးအေ့ယာဉ်တန်းကနန့်မွန်းဘက်ကနေလာတာ” လို့နန့်မီးလောင်ကျေးရွာသားတစ်ဦးကပြောပါတယ်။ 

မိုင်းဆွဲတိုက်ခိုက်မှုကို  အဝေးထိန်းခလုတ်ဖြင့် ပေါက်ကွဲစေတာဖြစ်ပြီး ပေါက်ကွဲမှုကြောင့် ပျက်စီးထိခိုက်မှုတစ်စုံတစ်ရာမရှိကြောင်း ဆိုပါတယ်။ အင်းတော်ကြီး ကေအိုင်အေ ပီတီအက်ပူးပေါင်းတပ်ဖွဲ့များက ၎င်းတို့ပြုလုပ်တာဖြစ်သည်ဟု ပြောဆိုထားပါတယ် ။

နန့်မွန်းတောင်ခြေ ကျောက်တံတားအနီးမှာ  မတ်လ (၁၆) ရက်နေ့တွင်လည်း  မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး   ကားတစ်စီးမီးရိူ့ခံထားရမှုကို ဒေသခံများက တွေ့ရှိခဲ့ကြပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *