သြဂုတ် ၂၄ ၊ ဗန်းမောက်
ဗန်းမောက်မြို့နယ် နန့်သောင်ကျေးရွာသူ အမျိုးသမီးနှစ်ဦးကို ၎င်းတို့၏ အမျိုးသားများက SNA နှင့်ဆက်စပ်သည်ဟူသော စွပ်စွဲချက်ဖြင့် KIA+PDF များက ယနေ့ ဩဂုတ်လ ၂၄ ရက်နေ့မှာ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။
” ဘယ်ကိုခေါ်သွားတယ်ဆိုတာတော့မသိရသေးဘူး။ သူတို့ယောကျာ်းတွေက SNA နဲ့ဆက်စပ်တယ်ဆိုတဲ့သဘောနဲ့ ဓားစာခံလုပ်ခေါ်သွားတဲ့သဘောပဲ ။ ”ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးကဆိုသည်။
KIA+PDF များ၏ ဖမ်းဆီးခြင်းခံရသော နမ့်သောင်ကျေးရွာသူနှစ်ဦးက မမြရီ ၄၃ နှစ်နှင့် မဆိုင်း ၃၅ နှစ်တို့ဖြစ်ကြောင်း သိရသည်။
သြဂုတ်လ ၂၀ ရက်နေ့က ရှမ်းနီအမျိုးသားများတပ်မတော် SNA ရှေ့တန်းကင်းစခန်းငယ် တစ်ခုကို NUG လက်အောက်ခံ ပင်လည်ဘူးအခြေစိုက် KIA +PDF များ လာရောက်တိုက်ခိုက်ကတည်းက အဆိုပါ နမ့်သောင်ကျေးရွာတွင် PDF များ ဝင်ရောက်နေထိုင်လျှက်ရှိကြောင်းလည်း သိရသည်။