နမ့်တောကျေးရွာစက်သုံးဆီသိုလှောင်ထားသည့်နေရာများတွင်မီးလောင်ကျွမ်းမှုဖြစ်ပွား

မီးလောင်ကျွမ်းနေသည့်မြင်ကွင်းကိုတွေ့ရစဉ် Photo – Chang Mun Facebook

ဖေဖော်ဝါရီ ၁၅၊ နမ့်တော

ဟုမ္မလင်းမြို့နယ် နမ့်တောစံပြကျေးရွာမှ အထက်တောင်ပေါ်ကျေးရွာသွားလမ်းပေါ်ရှိသည့်  စက်သုံးဆီသိုလှောင်ထားသည့်နေရာများတွင် ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ မီးလောင်ကျွမ်းခဲ့တယ်လို့ သိရပါတယ်။ 

“ အခုကတော့ ငြိမ်းသွားပြီဗျ၊ ဘာကြားမိသလဲဆိုတော့ အိမ်နှစ်လုံးသုံးလုံးနဲ့ ဆီခြံတစ်ခုပါသွားတာပါ့ ၊ ရွှေကြယ်ပွင့် ၊ရွှေကြပ်ပွင့်ပါခင်ဗျာ့။ ရွာနဲ့တစ်ဆက်တည်း နန့်တောရွာဦးပေါ့ ၊ “ လို့ နန့်တောဒေသခံတစ်ဦးက ပြောပြပါတယ်။ 

ဖေဖော်ဝါရီလ ၁၅ ရက်နေ့ နေ့လည် နှစ်နာရီကျော်ကတည်းက လောင်ကျွမ်းတာဖြစ်ပြီး ညနေ ၅ နာရီကျော်မှ မီးကို တားဆီးငြိမ်းသတ်နိုင်ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ 

မီးလောင်ကျွမ်းမှုကြောင့် စက်သုံးဆီသိုလှောင်ထားတဲ့ ခြံအပါအဝင် နေအိမ်သုံးလုံးခန့်မီးလောင်ကျွမ်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ 

လောင်ကျွမ်းရတဲ့ အကြောင်းအရင်းကတော့  သေချာမသိရှိရသေးပါဘူး။ 

နန့်တောကျေးရွာမှာ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလမှာ  မီးလောင်ကျွမ်းမှုတစ်ခုကြောင့် နေအိမ်တစ်ရာကျော်နဲ့ စျေးဆိုင်တန်းအားလုံးမီးလောင်ပျက်စီးခဲ့တဲ့ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *