နယ်စပ်ကဝင်လာတဲ့အသားချောင်းဟောတော့တစ်မျိုးကို FDA ကမစားသုံးဖို့ပြော

စားသုံးဖို့ တားမြစ်လိုက်သည့် အသားချောင်း (ဟော့တော့)

ဖေဖော်ဝါရီ ၉ ၊ ရန်ကုန် 

ထိုင်းနယ်စပ်ကနေ တရားမဝင် ဝင်ရောက်လာတဲ့ အသားချောင်း (ဟော့တော့)တစ်မျိုးကို FDA က မစားသုံးသင့်ကြောင်း ဒီနေ့မှာ သတိပေးလိုက်ပါတယ်။ 

ဖေဖော်ဝါရီလ (၇) ရက်နေ့က ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် တွန်ခေါ့ကျေးရွာက မိသားစုလေးဦး ထိုင်းတံဆိပ်ပါ (အသားချောင်း) ဟော့တော ကို စားမိပြီး အစာအဆိပ်သင့်မှုဖြစ်ပေါ်ခဲ့ပါတယ်။ 

အသားချောင်း(ဟော့တော့)ကို စားပြီးအစာအဆိပ်သင့်မှုကြောင့် လားရှိုးဆေးရုံကို တက်ရောက်ကုသမှုခံယူခဲ့ပြီး ဒီနေ့ ဖေဖော်ဝါရီလ (၉)ရက်နေ့မှာ ပြန်လည်သက်သာလာပြီး မကြာခင်ဆေးရုံဆင်းခွင့်ရတော့မယ်လို့ သိရပါတယ်။

ဒီ တရားမဝင် အသားချောင်း(ဟော့တော့) စားသုံးမှုတွေကြောင့် ကရင်ပြည်နယ် ဘုရားသုံးဆူမြို့က ၂၀  ဦးအထိ အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့ပြီး  သေဆုံးမှုရှိခဲ့တယ်လို့လည်း ဒေသတွင်းမီဒီယာတွေမှာ ဖော်ပြနေကြပါတယ်။ 

FDA က ဒီလို တရားမဝင် ဝင်ရောက်လာတဲ့ အသားချောင်း ( ဟော့တော့) ကို ရောင်းဝယ်ဖောက်ကားသူများကို အရေးယူသွားမယ်လို့လည်း ကြေညာချက်မှာရေးသားထားပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *