နိုင်ငံတကာလေကြောင်းလိုင်းတွေကိုနှစ်ဆန်းတစ်ရက်နေ့ကစပြီးပုံမှန်ပြေးဆွဲခွင့်ပြု

နိုင်ငံတကာလေကြောင်းလိုင်းတစ်ခုကို ၂၀၁၉ ခုနှစ်ကတွေ့ရစဉ်

မတ် ၁၉ ၊ ရန်ကုန် 

Covid19 ကြောင့် နှစ်နှစ်ကြာအောင်ပိတ်ထားတဲ့ နိုင်ငံတကာလေကြောင်းလိုင်းတွေကို လာမယ့်နှစ်ဆန်းတစ်ရက်နေ့ကစပြီး ပုံမှန်ပြေးဆွဲခွင့်ပြုမယ်လို့ စစ်ကောင်စီဘက်က ဆိုပါတယ်။ 

ကိုဗစ်ရောဂါပိုးတွေ့ရှိမှုနည်းလာခြင်း ၊ သေဆုံးမှုတွေအလွန်ကျဆင်းလာတာကြောင့်နဲ့ နိုင်ငံတကာခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေဖို့  ခွင့်ပြုခြင်းဖြစ်တယ်လို့ မတ်လ (၁၈) ရက်နေ့ညမှာ ထုတ်ပြန်ပါတယ်။ 

၂၀၂၀ခုနှစ် မတ် ၂၉ ရက်နဲ့ စစ်ကောင်စီကချမှတ်ထားတဲ့ ကိုဗစ် 19 ရောဂါ ကူးစက်ဖြစ်ပွားမှု ထိန်းချုပ်ရေးအတွက် နိုင်ငံတကာလေကြောင်းခရီးစဉ်များ မြန်မာနိုင်ငံကို ဝင်ရောက်ဆင်းသက်ခြင်း ယာယီကန့်သတ်ချက်တွေကို ဧပြီလ ၁၆ ရက်နေ့အထိသာ ကန့်သတ်ထားမယ်လို့ဆိုပါတယ်။​

ဧပြီလ ၁၇ ရက်နေ့ကနေဝင်လာမယ့်သူတွေကို သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေအတိုင်း ပုံမှန်ပြေးဆွဲခွင့်ပြုမှာဖြစ်တယ်လို့ ဆိုပါတယ်။ 

မြန်မာနိုင်ငံက အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ဆင်းသက်တဲ့ ပြည်ပလေကြောင်းလိုင်း (၃၀) ကျော်ရှိပြီး လက်ရှိမှာ ကယ်ဆယ်ရေးလေယာဉ်တွေအနည်းငယ်သာရှိပါတယ်။ 

Covid19 ကူးစက်မှုက မြန်မာနိုင်ငံမှာ ၆ သိန်းအထိရှိပြီး သေဆုံးသူ ၂ သောင်းနီးပါးရှိနေတာလည်းဖြစ်ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *