နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်ဆောင်ဆန်းစုကြည်ကိုပုဒ်မ၄ခုအတွက်ထောင်ဒဏ်  ၆နှစ်ချထပ်မံချ

ဗန်းမောက်မြို့လူထုတွေ့ဆုံပွဲမှာ တွေ့ရသည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်

ဩဂုတ် ၁၅ ၊ 

စစ်ကောင်စီက နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ ဆက်စပ်ပြီး စွဲဆိုထားတဲ့ အမှုအတွက် ဒီနေ့ဩဂုတ်လ ၁၅ ရက်နေ့မှာ ထောင်ဒဏ် ၆ နှစ်ထပ်မံချမှတ်လိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းက သိရပါတယ်။ 

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုမ်မ ၅၅ နဲ့ တရားစွဲဆိုထားတဲ့ အမှု (၄)မှုထဲက နေပြည်တော်ကလရောင်တောမြေနေရာနဲ့ပတ်သက်တဲ့အဂတိအမှု၃မှုအတွက်ထောင်ဒဏ်၃နှစ်စီကိုတပေါင်းတည်းကျခံရမှာဖြစ်ပါတယ်။

နောက်ထပ်တစ်မှုကတော့ ရန်ကုန်မြို့ ဗဟန်းမြို့နယ်က အဆောက်အဦးမြေနေရာကိစ္စနဲ့ ပတ်သတ်တဲ့ အဂတိမှုအတွက် ထောင်ဒဏ် ၃ နှစ်ထပ်မံချမှတ်ခဲ့တာလည်းဖြစ်ပါတယ်။ 

စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ဒေါ်အောင်ဆန်းစုကြည်ကို ပုဒ်မအမျိုးမျိုးနဲ့ တရားစွဲဆိုခဲ့ပြီး တစ်နှစ်ကျော်အတွင်း ထောင်ဒဏ် ၁၇ နှစ်ထိ ချမှတ်ထားပြီလည်းဖြစ်ပါတယ်။ 

စစ်ကောင်စီဘက်က နေပြည်တောင်အကျဉ်းထောင်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းထားမှုကြောင့် နိုင်ငံတကာနဲ့ ပြည်တွင်းက အပြင်းအထန်ဝေဖန်နေကြဆဲဖြစ်ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *