နိုင်ငံတော်အရေးပေါ်အခြေအနေ ခြောက်လသက်တမ်းထပ်တိုး 

ဇန်နဝါရီ ၃၁ ၊ နေပြည်တော်

နိုင်ငံတော်ကို အရေးပေါ်အခြေအနေအဖြစ် နောက်ထပ် ၆ လသက်တမ်းတိုးလိုက်ကြောင်း  ဒီနေ့ (ဇန်နဝါရီ ၃၁ ရက်) မှာ ကျင်းပတဲ့ ကာလုံအစည်းအဝေးကနေ ကြေညာလိုက်ပါတယ်။ 

နောက်ထပ် ၆ လသက်တမ်းတိုးဖို့ကြေညာရာမှာ “ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲ” ကျင်းပဖို့အတွက်လုပ်ဆောင်ဖို့ လိုအပ်နေသေးတာကြောင့် နောက်ထပ် သက်တမ်းတိုးပေးဖို့ စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကာလုံအစည်းအဝေးမှာတင်ပြခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။ 

ဒုသမ္မတဟာကျန်းမာရေးကြောင့် အနားယူနေချိန် စစ်ကောင်စီဥက္ကဌက ယာယီသမ္မတအဖြစ်တာဝန်ယူပြီး ကာလုံအစည်းအဝေးပွဲကိုကျင်းပတာလည်းဖြစ်ပါတယ်။ 

စစ်ကောင်စီက ၂၀၂၅ ခုနှစ်အတွင်းမှာ ရွေးကောက်ပွဲကျင်းပမယ်လို့ပြောဆိုထားပြီး နှစ်ကုန်ပိုင်းလောက်မှာ ဖြစ်လာလိမ့်မယ်လို့ နိုင်ငံရေးပါတီတွေက သုံးသပ်နေကြပါတယ်။ 

တစ်နိုင်ငံလုံးအတိုင်းအနာနဲ့ မြို့နှင့် မြို့နယ် ၉၀ ကျော်ကို တိုင်းရင်းသားလက်နက်ကိုင်တပ်များ ၊ ဒေသကာကွယ်ရေးတပ်များက သိမ်းပိုက်ထားပြီး မြို့နယ် ၁၀၀ ကျော်လောက်မှာတိုက်ပွဲများ ပဋိပက္ခများဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပါတယ်။ 

၂၀၂၁ ခုနှစ် ကနေစလို့ အခုထိ ၄ နှစ်မြောက်ရှိလာသလို  ကာလုံသက်တမ်းတိုးလာတာ  အခုသက်တမ်းတိုးမှုဖြင့်  ၇ ကြိမ်မြောက်လည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *