ဖေဖော်ဝါရီ ၁ ၊ နေပြည်တော်
စစ်ကောင်စီက နိုင်ငံတော်အရေးပေါ် အခြေအနေကို (၆) လသက်တမ်းထပ်တိုးလိုက်တယ်လို့ ဇန်နဝါရီလ ၃၁ ရက်နေ့မှာ ကာလုံအစည်းအဝေးတစ်ရပ်ခေါ်ယူပြီး တိုးမြင့်လိုက်ပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂၅ အရ သာမန်အခြေအနေမဟုတ်ခြင်းကြောင့် အရေးပေါ်ကာလကို နောက်ထပ် (၆) သက်တမ်းတိုးလိုက်တာဖြစ်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ကြေညာပါတယ်။
သက်တမ်းတိုးခဲ့တဲ့ ၆ လအတွင်းမှာ တိုင်းရင်းသားလက်နက်ကိုင်များ၊ PDF များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားမှုအခြေအနေများ၊ မူးယစ်ဆေးဝါးနှင့် အွန်လိုင်းလိမ်လည်မှုနိမ်နှင်းရေးလုပ်ငန်းများကို ကာလုံအစည်းအဝေးမှာ ဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ရွေးကောက်ပွဲကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်မှု အခြေအနေများ၊ ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူရေးအတွက် ပြင်ဆင်ထားတဲ့အခြေအနေတွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ ဆိုထားပါတယ်။
ကာလုံအစည်းအဝေးကို ယာယီသမ္မတ ဦးမြင့်ဆွေ၊ ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ပြည်သူ့လွတ်တော်ဥက္ကဌ ဦးတီခွန်မြတ် ၊ စစ်ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးဝင်း ၊ ကာကွယ်ရေးဝန်ကြီး ၊ ပြည်ထဲရေးဝန်ကြီး ၊ နိုင်ငံခြားရေးဝန်ကြီး ၊ နယ်စပ်ရေးရာဝန်ကြီး နဲ့ စစ်ကောင်စီ အတွင်းရေးမှူး နဲ့ တွဲဖက်အတွင်းရေးမှူး တို့ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။
စစ်အာဏာသိမ်းမှုက ၂၀၂၁ ခုနှစ်မှစပြီး ၂၀၂၄ ခုနှစ် ယနေ့ ဖေဖော်ဝါရီလ (၁)ရက်နေ့ အထိ ၅ ကြိမ်တိုင်ရှိခဲ့ပြီဖြစ်လည်းဖြစ်ပါတယ်။
မြောက်ပိုင်း ညီနောင်မဟာမိတ်တွေရဲ့ ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း စစ်ကောင်စီက မြို့နယ်နှင့် မြို့အပါအဝင် ၃၉ မြို့အထိ လက်လွတ်ထားရပြီလည်းဖြစ်ပါတယ်။