နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် (၄) နှစ် ထပ်မံချမှတ်

Photo – Credit Internet

အာဏာသိမ်းပြီးကတည်းက ဖမ်းဆီးခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပုဒ်မ (၃) ခုအတွက် ထောင်ဒဏ် (၄) နှစ်  ဒီနေ့ ဇန်နဝါရီလ (၁၀)ရက်နေ့မှာ ထပ်မံချမှတ်လိုက်ကြောင်း သိရပါတယ်။ 

ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ (၈) အမှုအတွက် ထောင်ဒဏ် (၂)​နှစ် နဲ့ ဆက်သွယ်ရေးဥပဒေပုဒ်မ ( ၆၇) အမှုအတွက် ထောင်ဒဏ် (၁) နှစ်ချမှတ်ခဲ့တာလည်းဖြစ်ပါတယ်။​

ဒီပုဒ်မနှစ်အခုအတွက်ချမှတ်ထားတဲ့ ထောင်ဒဏ်တွေကို တစ်ပေါင်းတည်းကျခံရမယ်လို့ဆိုတဲ့အတွက် ထောင်ဒဏ် (၂) နှစ်သာ ကျခံရမှာဖြစ်ပါတယ်။ 

စစ်တပ်အာဏာသိမ်းတဲ့နေ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှာ ဒေါ်အောင်ဆန်းစုကြည်နေအိမ်အတွင်းမှ တရားမဝင် စကားပြောစက်တွေ နဲ့  Jammer (၁) စုံတို့ကို တွေ့ရှိတယ်ဆိုပြီး ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၇ နဲ့  ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ တို့နဲ့ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။

ဒီပုဒ်မက ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးပြီးရက်ပိုင်းအကြာမှာ စစ်ကောင်စီက ထုတ်ပြန်ခဲ့တာလည်းဖြစ်ပါတယ်။ 

ဒီနေ့ရုံးချိန်းမှာ နောက်ထပ် အရပ်သားတစ်ဦးဖြစ်တဲ့ ဦးညီညီဆိုသူက စွဲဆိုထားတဲ့ သဘာဝဘေးအန္တရာယ်  စီမံခန့်ခွဲမှုဆိုင်ရာ ပုဒ်မ(၂၅) အတွက် ထောင်ဒဏ် (၂) နှစ် ချမှတ်ခဲ့တာလည်းဖြစ်ပါတယ်။ 

ဒေါ်အောင်ဆန်းစုကြည်က လက်ရှိအချိိန်မှာ ထောင်ဒဏ်စုစုပေါင်း ( ၆) နှစ်အထိ ချမှတ်ခံထားရပြီးတော့ အဂတိမှု ၊ ရွေးကောက်ပွဲဆိုင်ရာ အမှုတွေကိုလည်းဆက်လက်ရင်ဆိုင်ဖို့ရှိနေပါတယ်။​

Leave a Reply

Your email address will not be published. Required fields are marked *