ဇန်နဝါရီ ၃၀ ၊ လွိုင်တိုင်းလျန်း
မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပြဿနာဖြေရှင်းဖို့အတွက် တွေ့ဆုံဆွေးနွေးခြင်းလမ်းနည်း ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA က နှစ်ပတ်လည်အစည်းအဝေးအပြီး ထုတ်ပြန်ကြေညာပါတယ်။
RCSS/SSA ရဲ့ ၂၀၂၃ ခုနှစ်အတွက် နှစ်ပတ်လည်အစည်းဝေးကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၆မှ၂၈ရက်နေ့ထိ ဌာနချုပ် တည်ရှိရာ လွိုင်တိုင်းလျဲန်းမှာ ပြုလုပ်ခဲ့တာလဲဖြစ်ပါတယ်။
ပြည်ထောင်စုမြန်မာနိုင်ငံရဲ့ နိုင်ငံရေးပြဿနာဖြေရှင်းနိုင်ရေးတွက် RCSS အနေဖြင့် သက်ဆိုင်ရာအဖွဲ့စည်းများနှင့်တွေ့ဆုံညှိနှိုင်းဆွေးနွေးပြီး နိုင်ငံရေးပြဿနာကို တွေ့ဆုံဆွေးနွေးခြင်းနည်းလမ်းဖြင့် ဖြေရှင်းနိုင်ရေးကြိုးပမ်းသွားမည်လို့ ၂၀၂၃ ဇန်နဝါရီ ၂၉ နေ့က ထုတ်ပြန်တဲ့ နှစ်ပတ်လည်အစည်းဝေးထုတ်ပြန်ချက်မှာ ဆိုထားတာပါ။
သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS က သျှမ်းပြည်အမျိုးသားစည်းလုံးညီညွှတ်ရေး ရေရှည်တည်တံခိုင်မြဲသွားဖို့ ကြိုးစားသွားမယ်လို့ပါ ထုတ်ပြန်ထားပါတယ်။
RCSS/SSA အနေနဲ့လည်း ၎င်းတို့ရဲ့ ထိန်းချုပ်နယ်မြေအတွင်းမှာ မူးယစ်ဆေးဝါး၊ အွန်လိုင်းငွေကြေးလိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းတွေ နဲ့ လူကုန်ကူးမှု တားဆီးရေးလုပ်ငန်းတို့ကို ကြိုးပမ်းသွားမယ်လို့ တစ်ပါးတည်းထုတ်ပြန်ထားပါတယ်။
RCSS/SSA က ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေကို ဆက်လုပ်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ တစ်ခုလည်းဖြစ်ပါတယ်။